မကြာသေးခင်ကမှထွက်ရှိထားတဲ့ BLACKPINK ရဲ့ “Lovesick” သီချင်းကတော့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပေမယ့် တစ်ဖက်မှာလည်းဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
“Lovesick” music video ထဲမှာ Jennie ဝတ်ဆင်ထားတဲ့ သူနာပြုဝတ်စုံမှာ စကပ်ကတိုလွန်းနေတာကြောင့် သူနာပြုနဲ့မလိုက်ဖက်တဲ့ပုံစံကိုဝတ်ထား တယ်ဆိုပြီး ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ YG Entertainment က သူနာပြုဝတ်စုံဝတ်ထားတဲ့ Jennie ရဲ့ ဇာတ်ဝင်ခန်းတွေကိုဖျက်ပစ်ပြီး MV ကို ပြန်လည်တည်းဖြတ်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အခုလိုမျိုးမရည်ရွယ်ပဲ ပရိသတ်တွေစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိခဲ့တဲ့အတွက်ကြောင့် တောင်းပန် ကြောင်းလည်း YG Entertainment က ပြောခဲ့ပါတယ်။
ကိုရီးယားသူနာပြုအဖွဲ့အစည်းကလည်း YG ရဲ့ ဆုံးဖြတ်ချက်ကိုကြိုဆိုပြီး BLACKPINK အဖွဲ့ကိုလည်း ဆက်လက်အားပေးသွားမယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါ တယ်။
















