“Penthouse” ဇာတ်လမ်းတွဲရိုက်ကွင်းမှအဖွဲ့သားနှစ်ဦး မီးလောင်ဒဏ်ရာရရှိ

“Penthouse” ဇာတ်လမ်းတွဲရိုက်ကွင်းမှအဖွဲ့သားနှစ်ဦး မီးလောင်ဒဏ်ရာရရှိ

SBS ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသမယ့် “Penthouse” ဇာတ်လမ်းတွဲရိုက်ကွင်းမှာ ရိုက်ကူးရေးအဖွဲ့သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မီးလောင်တဲ့ဇာတ်ဝင်ခန်းကိုရိုက်ကူးရင်းနဲ့ မီးတောက်တွေက မထင်မှတ်ပဲကြီးလာပြီး ကင်မရာမန်းနှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီ့နေ့မှာရိုက်ကူးရေးကိုနားခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူတွေကို ဆေးကုသမှုခံယူစေခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ အဖွဲ့သားနှစ်ဦး ရရှိခဲ့တဲ့ဒဏ်ရာ တွေက မပြင်းထန်တာကြောင့် နှစ်ရက်အကြာမှာ ရိုက်ကူးရေးတွေပြန်လည်စတင်နိုင်ခဲ့ပါတယ်။

အခုလိုမျိုး မတော်တဆမှုဖြစ်ခဲ့တဲ့အတွက်ကြောင့် ထိခိုက်ခဲ့တဲ့သူတွေရော သရုပ်ဆောင်တွေကိုရော တောင်းပန်ကြောင်း တာဝန်ရှိသူတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“Penthouse” ဇာတ်လမ်းတွဲမှာ Lee Ji Ah, Kim So Yeon, Eugene, Uhm Ki Joon, Shin Eun Kyung, Bong Tae Gyu, Yoon Jong Hoon, Park Eun Seok နဲ့ Yoon Joo Hee တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင်ပြသမှာပဲ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး