ဒီလထဲမှာထွက်တော့မယ့် Kim Woo Seok နဲ့ Lee Eun Sang တို့ရဲ့ သီချင်းအသစ်

ဒီလထဲမှာထွက်တော့မယ့် Kim Woo Seok နဲ့ Lee Eun Sang တို့ရဲ့ သီချင်းအသစ်

X1 အဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ Kim Woo Seok နဲ့ Lee Eun Sang တို့က ပရောဂျက်အသစ်တစ်ခုအတွက် အလုပ်အတူတွဲလုပ်နေကြပါတယ်။

သူတို့နှစ်ယောက်လုံးက အပြင်အတူတူသွားခဲ့တဲ့ဓာတ်ပုံတစ်ပုံကို အင်စတာ ဂရမ်အကောင့်မှာ “201014” လို့ရေးပြီး ကိုယ်စီတင်ခဲ့ကြပါတယ်။

အဲဒီ့ပုံတင်ပြီးသိပ်မကြာခင်မှာပဲ သူတို့ နှစ်ယောက်တွဲပြီးသီဆိုထားတဲ့သီချင်းတစ်ပုဒ် အောက်တိုဘာလ ၁၄ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာမယ်လို့သိရပါတယ်။

Kim Woo Seok က X1 အဖွဲ့ဝင်အဖြစ်ပွဲဦးထွက်ခဲ့ပြီး သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း ရပ်တည်နေပြီဖြစ်ပါတယ်။

သူဟာ “Twenty Twenty” ဆိုတဲ့ web drama မှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပြီးခဲ့တဲ့မေလကလည်း “1st Desire (Greed)” ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိထားပါတယ်။

Lee Eun Sang ကလည်း “X1” အဖွဲ့ဝင်အနေနဲ့ပဲ ပွဲဦးထွက်ခဲ့ပြီး အခုတော့ တစ်ကိုယ်တော်အဆိုတော်အနေနဲ့ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လကပဲ “Beautiful Scar” ဆိုတဲ့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကို ထွက်ရှိထားတာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး