အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Kelly Rowland က ဒုတိယမြောက်ကိုယ်ဝန်ကိုလွယ်ထားရပြီ ဖြစ်ပါ တယ်။
Kelly Rowland က အခုထွက်ရှိတဲ့ Women’s Health မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ်ပါဝင်ထားပြီး သူမရဲ့ကိုယ်ဝန်ကိုလည်း သိသာထင်ရှားစွာမြင်တွေ့နေရပြီဖြစ်ပါတယ်။
သူမနဲ့ ခင်ပွန်းဖြစ်သူ Tim Weatherspoon တို့က ဒုတိယမြောက်ရင်သွေးလေးကို လိုချင်နေခဲ့တာဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုဗစ်ကာလနဲ့ကြုံသွားတဲ့အခါမှာတော့ ကလေးယူဖြစ်သွားတယ်လို့ သူမကပြောခဲ့ပါတယ်။
သူမဟာ အသက် ၃၉ နှစ်ကျော်ပြီဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာ အသက် ၄၀ ပြည့်တော့မှာဖြစ်တာကြောင့် ကလေးမွေးရမှာ အန္တရာယ်များပေမယ့်လည်း သူမကိုယ်သူမဂရုစိုက်သွားမှာပါလို့ဆိုပါတယ်။
Kelly Rowland က ပရိသတ်တွေ က သူမရဲ့အခွေအသစ်ကိုလိုချင်နေပေမယ့် သူမဘက်ကတော့ကလေးလေးတစ်ယောက်ပဲ ပေးနိုင်ခဲ့တယ်လို့ စိတ်ပျက်နေကြတော့မှာပဲဆိုပြီး စနောက်ပြီးပြောဆိုထားပါသေးတယ်။
Kelly Rowland ဟာ သူမရဲ့မန်နေဂျာ Weatherspoon နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၆ နှစ်အရွယ် Titan ဆိုတဲ့သားလေးတစ်ယောက်လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
















