နောက်နှစ်မှာရုံတင်ပြသမယ့် “The Addams Family 2”
၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ “The Addams Family” ရဲ့ ဒုတိယမြောက်ဇာတ်ကားလေး ထပ်မံထွက်ရှိလာဖို့ရှိနေ ပါတယ်။
“The Addams Family” ရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ ပိုစတာအသစ်နဲ့အတူကြေညာထားတာ ဖြစ်ပါတယ်။
ဒါရိုက်တာတွေအနေနဲ့ကတော့ Greg Tiernan နဲ့ Conard Vernon တို့က ရိုက်ကူးပေးမှာဖြစ်ပြီး Charles Addams က ဇာတ်လမ်းရေးသားထားပါတယ်။
လောလောဆယ်မှာတော့ နောက်နှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ရုံတင်ပြသဖို့လျာထားတယ်လို့လည်းသိရပါတယ်။
ပထမထွက်ရှိခဲ့တဲ့ဇာတ်ကား ထဲက ဇာတ်ကောင်တွေအပြင် နောက်ထပ်ဘယ်လိုဇာတ်ကောင်အသစ်တွေပါဝင်လာဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်တာကြောင့် လက်လွှတ်မခံသင့်တဲ့ animation ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
















