မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၁၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၇၄ ဦးရှိခဲ့ပြီး အောက်တိုဘာ ၉ ရက်တွင်ရှိခဲ့သည့် ဦးရေထက် အနည်းငယ်ပိုမိုများပြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မကြာသေးမီရက်သတ္တပတ်များအတွင်း ကူးစက်သူအစုလိုက်အပြုံလိုက်ရှိခဲ့သည့် ဆာဘားပြည်နယ်၌ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲသူများကို ခြေရာခံမှုကို တိုးမြှင့်လုပ်ဆောင်နေပြီဖြစ်သည်။
မလေးရှား၌ COVID-19 ကူးစက်သူ ၁၅၀၉၆ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအင်းများအရသိရသည်။
မလေးရှား၌ အောက်တိုဘာ ၁၀ ရက်အထိ COVID-19 ကူးစက်သူသစ်ဦးရေ ဂဏန်းသုံးလုံးရှိနေသည်မှာ ၁၀ ရက်ဆက်တိုက်ရှိနေပြီဖြစ်သည်။
မလေးရှား၌ COVID-19 ရှိမရှိစစ်ဆေးမှုများအရ ပိုးတွေ့သူဦးရေသည် ၄၁၆၁ ဦးရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူး ဟီရှမ် အဗ္ဗဒူလာကပြောဆိုခဲ့သည်။
ဆာဘားပြည်နယ်၌ ကူးစက်သူူသစ်ဦးရေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်အထိ ၂၇၇ ဦးရှိနေပြီဖြစ်သည်။
အောက်တိုဘာ ၁၀ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၃၇၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး နှစ်ဦးသည် ပြည်ပတွင် ကူးစက်ခံခဲ့ရသူများဖြစ်ကြောင်း ဒေါက်တာ နူး ဟီရှမ်ကပြောဆိုခဲ့သည်။
ပြည်တွင်း ကူးစက်သူသစ် ၃၇၂ ဦးအနက် ၃၄၃ ဦးသည် မလေးရှားနိုင်ငံသားများဖြစ်ကြပြီး ကျန်လူများသည် နိုင်ငံခြားသားများဖြစ်ကြသည်။
ပြည်တွင်းကူးစက်သူသစ်များအနက် ၁၇ ဦးသည် ဆာဘားပြည်နယ်မှ ပြန်လာသူများဖြစ်ကြသည်။ ဆာဘာသို့ခရီးသွားရာဇဝင်ရှိပြီးနောက် ပိုးတွေ့သူဦးရေသည် ၃၄၁ ဦးရှိနေပြီဖြစ်ကြောင်း ဒေါက်တာနူးဟီရှမ်ကပြောဆိုခဲ့သည်။
အောက်တိုဘာ ၁၀ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ သုံးဦးရှိခဲ့သောကြောင့် သေဆုံးသူ ၁၅၅ ဦးရှိနေပြီဖြစ်သည်။

















