ပဲခူးမြို့တွင် လင်မယားချင်းစနောက်ရာက စကားများရန်ဖြစ်ကာ ခင်ပွန်းကဇနီးကိုဓားနဲ့ထိုးရာက သေဆုံးခဲ့မှုကို ဖမ်းဆီးအရေးယူထားကြောင်းအောက်တိုဘာ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ၁၀ရက်ည ၉ နာရီခန့်တွင် ပဲခူးမြို့၊ကျွန်းသာယာရပ်ကွက်နေ မကေဇင်နေအိမ်တွင်ရှိနေစဉ် ညီမဖြစ်သူမထက်ထက်အောင်(၁၉)နှစ်၏ယောက္ခမဖြစ်သူဒေါ်စန်းစန်း၊ ရောက်ရှိလာပြီး"ညီမနှင့် သားတို့ လင်မယားချင်းစကားများရန်ဖြစ်ကာ ၎င်း၏ညီမဖြစ်သူ မထက်ထက်အောင် ဆေးရုံရောက်နေကြောင်းပြောပြသိရသဖြင့် မကေဇင်မှခင်ပွန်းဖြစ်သူကိုဇော်မျိုးထွန်းနှင့်အတူပဲခူးဆေးရုံကြီးသို့လိုက်သွားရောက်ကြည့်ရှုခဲ့သည်။
ညီမဖြစ်သူတွင်ဝဲဘက်ရင်ဘတ်၊ဝဲဘက်ပါးတို့တွင်ဒဏ်ရာများရရှိကာသေဆုံးနေသည်ကိုတွေ့ရသဖြင့် ညီမ မထက်ထက်အောင်ကို ဓားဖြင့်ထိုးသူ ညီမဖြစ်သူ၏ ယောကျ်ား မိုးချစ်(ခ)အောင်ဖြိုး(ခ) တရုတ်ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ပဲခူးအမှတ်(၂)နယ်မြေရဲစခန်း(ပ)၈၅၅/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာစခန်းမှူးရဲအုပ်ရဲထွဋ် ကိုနှင့်အဖွဲ့က စုံစမ်းခဲ့သည်။
စုံစမ်းချက်အရ မိုးချစ်(ခ)အောင်ဖြိုး(ခ)တရုတ်ဆိုသူနှင့် ဇနီးမထက်ထက်အောင်(ခ)မထက်ထက်(၁၉)တို့မှာ လင်မယားချင်းစနောက်ရာမှ စကားများခဲ့ကြပြီး မိုးချစ်၏လက်ကိုင်ဖုန်းကို မထက်ထက်က လွင့်ပစ်ကာ၊မိုးချစ်ကိုသနပ်ခါးတုံးဖြင့်ထုရိုက်ခဲ့ကြောင်း၊ ထို့ကြောင့် မိုးချစ်မှ အနီးရှိစားပွဲခုံပေါ်တင်ထားသောအရိုးအသွား(၈)လက်မခန့်ရှိကော်ရိုးတပ်ဓါးဦးချွန်စတီးဓါးဖြင့် မထက်ထက်ကို ထိုးလိုက်ရာက ဒဏ်ရာများ ရရှိခဲ့ပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။
ပြစ်မှုကျူးလွန်ပြီးနောက်တိမ်းရှောင်နေသူမိုးချစ်ကို နာရီပိုင်းအတွင် းဖမ်းဆီးရမိကာ ဆက်လက်အရေးယူထားကြောင်းသိရသည်။

















