ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအမိန့် လိုက်နာရန်ပျက်ကွက်သော ရွှေကျင်းပိုင်ရှင်ကို အမှုဖွင့်

ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအမိန့် လိုက်နာရန်ပျက်ကွက်သော ရွှေကျင်းပိုင်ရှင်ကို အမှုဖွင့်

ရှင်ဗွေယန်မြို့ ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့၏ ထုတ်ပြန်သည့်အမိန့် လိုက်နာရန်ပျက်ကွက်ခဲ့ပြီး တာဝန်ရှိသူများအား ရုန့်ရင်းကြမ်းတမ်းသော စကားများပြောဆိုခဲ့သည့် ရွှေကျင်းပိုင်ရှင်ကို အောက်တိုဘာ ၁၀ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည်။

ရွှေသတ္တုတူးဖော်သည့် လုပ်ငန်းခွင်သို့ လာရောက်သည့် အလုပ်သမားများအား အောက်တိုဘာ ၇ ရက်ညနေ ၅ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊တနိုင်းမြို့နယ်ရှင်ဗွေယန်မြို့ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အဖွဲ့က  Facility Quarantine ဝင်ရောက်ရန်အတွက် ရွှေကျင်းပိုင်ရှင်ထံ အစည်းအဝေး ဆုံးဖြတ်ချက်အရ အကြာင်းကြားခဲ့သည်။

ရှင်ဗွေယန်မြို့ အမှတ်(၃)ရပ်ကွက်နေ အောင်ကြီး(ခ) ဇော်လင်းထိုက်(၃၇)နှစ်၊နှင့် ဒေါ်စုစုမော်(၄၃)နှစ်တို့က ၎င်း၏ကျင်းတွင်လုပ်ကိုင်နေသည့် လုပ်သား(၇)ဦးထံ ထို့ဆုံးဖြတ်ချက်ကို အကြောင်းကြားခြင်းမရှိသည့်အပြင် ၎င်းတို့၏ သဘောဖြင့်Facility Quarantine(၁၄)ရက် မဝင်ရောက်ဘဲ အလုပ်ခိုင်းစေခဲ့သည်။

လုပ်သား(၇)ဦးအား Facility Quarantine (၁၄)ရက် ထားရှိနိုင်ရန် ကိစ္စကို တာဝန်ရှိသူများက အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းပြောဆိုသော်လည်း ၎င်းတို့က မလိုက်နာသည့်အပြင် ရုန့်ရင်းကြမ်းတမ်းသေ ာစကားများဖြင့် ပြောဆိုခဲ့သောကြောင့် မြို့နယ် ကိုဗစ် ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မရူအောင်ဂျာက အရေးယူပေးပါ ရန်  အောက်တိုဘာ ၁၀ ရက်မွန်းလွဲ ၃ နာရီအချိန်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ရှင်ဗွေယန်နယ်မြေရဲစခန်းက(ပ)၁၇/၂၀၂၀၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေ ၃၀(က)ဖြင့် အမှုရေးဖွင့်အရေးယူထားသည်။