၁၂ ဘီးယာဉ်ဖြင့်သယ်ယူလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီး 

၁၂ ဘီးယာဉ်ဖြင့်သယ်ယူလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီး 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့်သယ်ယူလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက်နေ့ တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင်နန့်စီးအောင် စစ်ဆေးရေး စခန်းသို့ ဖြတ်သန်းမည့် မိုးညှင်းမြို့ဘက်မှ နန့်စီးအောင်ကျေး ရွာဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ပြည်သာယာရပ်ကွက် နေသူများဖြစ်သည့် သန်းလွင်ဦး(ခ)ဖိုးလုံး (၃၅) နှစ် မောင်း နှင်ပြီး ဟန်လင်းအောင် (၂၁) နှစ်နှင့် မိုးညှင်းမြို့၊ နားခါတောင်ရပ်ကွက်နေ မင်းမင်းလတ် (၄၂) နှစ် တို့စီးနင်းလိုက် ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။

ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ဆာလာ အိတ်များအတွင်းမှ AMMONIUM NITRATE ၁၇၄၆၀ ကီလို ဒေသကာလပေါက် စျေးတန်ဖိုးငွေကျပ် ၁၉၂.၀၆ သိန်းနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။

မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်လက်စုံစမ်းလျက်ရှိသည်။