ကိုဗစ် ကြောင့်နယ်ကျော်ရွေ့ပြောင်းလုပ်သားများကို အဝင်မခံသဖြင့် ဖရဲစိုက်လုပ်ငန်းရှင်များအခက်တွေ့

ကိုဗစ် ကြောင့်နယ်ကျော်ရွေ့ပြောင်းလုပ်သားများကို အဝင်မခံသဖြင့် ဖရဲစိုက်လုပ်ငန်းရှင်များအခက်တွေ့

ကိုဗစ် ကြောင့်နယ်ကျော် ရွေ့ပြောင်းလုပ်သားများကို ဒေသခံအုပ်ချုပ်ရေးကအဝင်မခံသဖြင့် ဖရဲစိုက်လုပ်ငန်းရှင်များအခက်တွေ့နေကြောင်း စစ်ကိုင်းတိုင်း ဖရဲသခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌဦးစိုးလွင်ထံမှသိရသည်။

"အခုဆိုရင်စိုက်ပျိုးကြဖို့အတွက်မြေတွေနှီးထားတယ်။ထယ်ရေးပြင်ထားတယ်။ပျိုးတွေပျိုးထားတယ်။တစ်ဧက(၃)သိန်းအနည်းဆုံးကုန်တယ်။လုပ်ထားတာတွေအလုပ်သမားမရှိတော့လုပ်မရဘဲဆုံးရှုံးမယ့်အနေအထားဖြစ်နေတယ်။အလုပ်သမားခက အမျိုးသားဆို(၅၀၀၀) နဲ့အမျိုးသမီးဆို(၄၀၀၀) ပေးရတယ်။(၃) လအနည်းဆုံးလုပ်ကြရမှာပါ။အခုအောက်တိုဘာလကစပြီးဇန်နဝါရီလ ဖေဖော်ဝါရီလလောက်အထိစိုက်ကြမှာ"ဟုဦးစိုးလွင်ကပြောသည်။ကိုဗစ်ကြောင့် အလုပ်သမားအဝင်မခံ လက်မခံခြင်းသည်စိုက်ပျိုးထုတ်လုပ်မှုနှင့် လုပ်သားအများစုအပေါ်များစွာထိခိုက်ကြောင်းဦးစိုးလွင်ကရှင်းပြသည်။

"အလုပ်သမားတွေကို စိုက်မယ့်ဒေသကပြန်လွှတ်တာတွေရှိတယ်။အုပ်ချုပ်ရေးပိုင်းတွေကအလုပ်သမားတွေကိုအဝင်မခံဘူး။အဝင်မခံတော့ဖရဲသခွားထုတ်လုပ်မှုကျဆင်းသွားနိုင်သလိုစီးပွားရေးပါထိခိုက်နိုင်တယ်။အခုအချိန်ကအလုပ်သမားတွေခေါ်အသုံးပြုရမယ့်အချိန်ပါ။"ဟုဦးစိုးလွင်ကပြောသည်။

ပြီးခဲ့သည့်နှစ်များကဖရဲသခွားတစ်ဧက လျင်လုပ်သား၅ဦးခန့်သုံးရာစစ်ကိုင်းတိုင်းတွင်သခွားမွှေးနှင့်ဖရဲ အတွက်အလုပ်သမား(၃)သိန်းခန့်နှစ်စဥ် အလုပ်လုပ်နေကြကြောင်းသိရသည်။လက်ရှိတွင်ကိုဗစ်ကြောင့်အလုပ်သမားမရှိသည့်အတွက်ဖရဲသခွားစိုက်မရဖြစ်နေကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး