Ha Ji Won နဲ့ Sung Dong Il တို့ရဲ့ ရုပ်ရှင်အသစ် “Pawn” က ကိုရီးယား Box Office မှာ အခြေအနေကောင်း နေပါတယ်။
ကိုရီးယားရုပ်ရှင်အစည်းအရုံးက “Pawn” ရုပ်ရှင်ဟာ ကြည့်ရှုသူတစ်သန်းကျော်သွားပြီဖြစ်တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။
“Pawn” ရုပ်ရှင်ဇာတ်ကားဟာ ကိုရီးယားနိုင်ငံရဲ့ တင်းကျပ်တဲ့ကိုဗစ်ထိန်းချုပ် ရေး စည်းမျဉ်းတွေထုတ်ထားတဲ့ကြားထဲကပဲ စက်တင်ဘာလ ၁ ရက်နေ့နောက်ပိုင်းမှာ ကြည့်ရှုသူတစ်သန်း ပြည့်သွားတဲ့ ပထမဆုံးရုပ်ရှင်လည်းဖြစ်ပါတယ်။
ကြည့်ရှုသူတစ်သန်းကျော်သွားတဲ့အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ထဲမှာပါဝင်သရုပ်ဆောင်ထားကြသူတွေက ပရိသတ်တွေကိုကျေးဇူးတင်ကြောင်း ဓာတ်ပုံတွေအသီးသီး တင်ခဲ့ကြပါတယ်။
ဒီလိုခက်ခဲတဲ့အခြေအနေမျိုးမှာ ရုပ်ရှင်ရုံတွေအထိလာရောက်ပြီး အားပေးကြသူူတိုင်းကို ကျေးဇူးတင်ပြီး ဆက်လက်ပြီးလည်းအားပေးကြပါဦးလို့ မင်းသား၊ မင်းသမီးနဲ့ ကလေးသရုပ်ဆောင်တွေက စာတွေရေးပြီး ဆိုရှယ်မီဒီယာမှာဖော်ပြခဲ့ကြပါတယ်။
















