ပထမဆုံး ရင်သွေးလေးကိုလွယ်ထားရတဲ့ မင်းသမီး Kethrine McPhee

ပထမဆုံး ရင်သွေးလေးကိုလွယ်ထားရတဲ့ မင်းသမီး Kethrine McPhee

Kethrine McPhee နဲ့ David Foster တို့က ပထမဆုံးရင်သွေးလေးကိုမကြာခင်မှာ ရရှိတော့မှာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသမီးဟောင်း Kethrine အတွက် ပထမဆုံးကလေးဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ အသက် ၇၀ အရွယ် David အတွက်တော့ ခြောက်ယောက်မြောက်ကလေးလို့ သိရပါတယ်။

David ဟာ Kethrine နဲ့ မတိုင်ခင်က အိမ်ထောင်ငါးခါကျဖူးပြီး သမီးငါးယောက်ရှိခဲ့တာဖြစ်ပါတယ်။ David ဟာ အသက် ၂၀ အရွယ်မှာ ပထမဆုံးကလေးရခဲ့တာဖြစ်တာကြောင့် သူ့ရဲ့သမီးတွေအသက်ဟာ လက်ရှိဇနီးထက်တောင် ကြီးနေတာလည်းဖြစ်ပါတယ်။

သူတို့တွေကလည်း David ကလေးထပ်ယူမှာကိုသဘောတူကြပြီး ဖခင်စိတ်ချမ်း သာမှုကိုသာ ဦးစားပေးတယ်လို့လည်းပြောခဲ့ပါတယ်။

ဒါ့အပြင် သူတို့က David ရဲ့ လက်ရှိဇနီး Kethrine ရဲ့ ပရိသတ်တွေလည်းဖြစ်ကြတာကြောင့် Kethrine ကို ချစ်ခင်ကြပြီး နွေးထွေးတဲ့ဆက်ဆံရေးရှိကြတယ်လို့ သိရပါ တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး