“Spider Man 3” မှာ Doctor Strange ပါဝင်လာမည်

“Spider Man 3” မှာ Doctor Strange ပါဝင်လာမည်

အခုရိုက်ကူးမယ့် Tom Holland ရဲ့ “Spider Man 3” မှာ Doctor Strange လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Doctor Strange ဇာတ်ကောင် Benedict Cumberbatch ဟာ Spider Man ကို သင်ကြားပြသပေးမယ့် သူတစ်ယောက်အနေနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။

Iron Man မရှိတော့တဲ့နောက်မှာ Doctor Strange က Spider Man ကို အစားထိုးလမ်းညွှန်ပေးမှာပါ။

“Endgame” တုန်းက Spider Man ရဲ့ ပြောပုံတွေအရဆိုရင် “Infinity War” အပြီးမှာကတည်းက Doctor Strange က သူ့ရဲ့ဆရာဖြစ်နေပြီလို့လည်းသိရပါတယ်။

“Spider Man 3” မှာ Tom Holland နဲ့အတူ ပါဝင်လာဖို့ရှိသူတွေကတော့ Zendaya, Jacob Batalon, Marisa Tomei, Tony Revolori, Jamie Foxx နဲ့ Benedict Cumberbatch တို့ပဲဖြစ်ပါတယ်။

“Spider Man 3” ရိုက်ကူးရေးကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ် ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး