လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် နေ့စားလုံခြုံရေးဝန်ထမ်းပါးစပ်ထဲအဝတ်ဆို့ကာ လက်နှစ်ဖက်တုတ်နှောင် အသတ်ခံထားရသည်ဆိုမှုကို စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၂ ရက်နေ့တွင် သိရသည်။
လမ်းမတော်မြို့နယ်နေ ဒေါ်တင်လှိုင်သည်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လမ်းဦးစီးဌာနရှိ VIP နားနေဆောင်တွင် (နေ့စား) လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် မြောက်ဥက္ကလာပမြို့နယ်၊အမှတ်(၁)ရပ်ကွက်နေ မောင်ဖြစ်သူ ဦးစိုးညိမ်း(၆၄)နှစ်နှင့်အဆက်အသွယ်မရသည်မှာကြာပြီဖြစ်သောကြာင့်ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။၎င်းကိုင်ဆောင်သောဖုန်းကိုအကြိမ်ကြိမ် ဆက်သွယ်ရာ ဖုန်းခေါ်ဆိုမှုဝင်ရောက်သော်လည်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ဦးစိုးညိမ်းမှာ ကျန်းမာရေးမကောင်း၍ပြန်လည်မဖြေကြားခြင်းဖြစ်မည်ဟု ယူဆကာ စိတ်ပူ၍ အောက်တိုဘာ ၁၂ ရက်နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ၎င်းတာဝန်ကျရာအဆိုပါအဆောက်အဦးသို့အစ်မဖြစ်သူဒေါ်တင်အောင်နှင့်အတူလိုက်သွားခဲ့သည်။မောင်ဖြစ်သူလုံခြုံရေးတာဝန်ထမ်းဆောင်ရာအဆောက်အဦးထဲသို့ ရာအိမ်မှူးဦးစိုးနိုင်ကိုအကူအညီတောင်း၍ ဝင်ရောက်ကြည့်ရှုခဲ့ရာ အဆိုပါအဆောက်အဦးအတွင်းရှိ VIP နားနေခန်းအတွင်းတွင် လက်နှစ်ဖက်ကိုအဖြူရောင်စွပ်ကြယ်အဖြင့်ချည်နှောင်ထားပြီး ပါးစပ်ထဲတွင် အဖြူရောင်မျက်နှာသုတ်ပဝါ ထည့်လျှက် မျက်နှာကို ပုဆိုးဖြင့်ချည် နှောင်ထားပြီး ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမတွေ့ရှိရဘဲသေဆုံးနေသည်ကိုတွေ့ရှိသောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
လှိုင်သာယာ(အနောက်)မြို့မရဲစခန်းက(ပ)၆၆၀/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုရေးဖွင့်စုံစမ်းလျက်ရှိသည်။

















