ENHYPHEN အဖွဲ့ရဲ့ တရားဝင် fan club နာမည် ကြေညာ
ENHYPHEN အဖွဲ့က တရားဝင် fan club နာမည်ကိုကြေညာလိုက်ပါပြီ။
ENHYPHEN ရဲ့ fan club နာမည်ကို “ENGENE” အဖြစ် သတ်မှတ်လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
အခု ပေးလိုက်တဲ့နာမည်ကို ပရိသတ်တွေအကြံပေးတဲ့နာမည်တွေထဲက ရွေးချယ်ခဲ့တာဖြစ်ပြီး အဓိပ္ပာယ်နှစ်မျိုးရှိ တယ်လို့ သိရပါတယ်။
ပထမတစ်ခုကတော့ ပရိသတ်တွေဟာသူတို့အတွက် အင်ဂျင်စက်တစ်ခုလိုဖြစ်ပြီး သူတို့ ကိုရှေ့ဆက်သွားနိုင်ဖို့ တွန်းအားဖြစ်တယ်လို့အဓိပ္ပာယ်ရပါတယ်။
နောက်တစ်ခုကတော့ ENHYPHEN နဲ့ ပရိသတ်တွေကြားမှာ တူညီတဲ့ DNA တစ်ခုရှိပြီး အတူတူကြီးထွားဖွံ့ဖြိုးသွားကြမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ “ENGENE” ဆိုတဲ့ နာမည်ကိုရွေးချယ်ခဲ့တယ်လို့သိရပါတယ်။
















