ဒုတိယမြောက်မီနီအယ်လ်ဘမ်ထွက်တော့မယ့် AleXa
AleXa ကတော့ comeback အတွက် အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။
AleXa ဟာ သူမရဲ့ comeback အတွက် logo ကိုလည်း ပရိသတ်တွေကိုပြသခဲ့ပါတယ်။
AleXa ဟာ သူမရဲ့ဒုတိယမြောက်မီနီအယ်လ်ဘမ် ဖြစ်တဲ့ “DECOHERENCE” အခွေနဲ့ comeback ပြန်လာမှာဖြစ်ပါတယ်။
AleXa ကို Alex Christine လို့လည်း သိကြပြီး Oklahoma ပြည်နယ်ကဖြစ်ပါတယ်။
သူမဟာ ၂၀၁၇ ခုနှစ်ကကျင်းပတဲ့ “Rising Legends” ပြိုင်ပွဲက Grand Prize ဆုရှင်လည်းဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာလည်း Mnet ရဲ့ “Produce 48” မှာ ထပ်မံယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ မှာတော့ ZB Label အောက်ကနေ “Bomb” ဆိုတဲ့သီချင်းနဲ့ပွဲဦးထွက်ခဲ့ပါတယ်။
AleXa ဟာ မကြာသေးခင်ကပဲ “Villain” ဆိုတဲ့သီချင်းတစ်ပုဒ်ထွက်ခဲ့ပါသေးတယ်။
















