“Jurassic World: Dominion” ရိုက်ကူးရေးကအဖွဲ့သားတချို့မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရတာကြောင့် ရိုက်ကူးရေးတွေကို ရပ်နားခဲ့ရပါတယ်။
ကျန်တဲ့သူတွေကိုလည်း COVID-19 ရောဂါပိုး ရှိမရှိဆက်လက်စစ်ဆေး ရာမှာတော့ အားလုံးမှာပိုးမတွေ့အဖြေထွက်ရှိလာခဲ့ပါတယ်။
ဒါပေမယ့်လည်း အဖွဲ့သားတွေအားလုံး ဘေးကင်း စေဖို့အတွက် ရိုက်ကူးရေးကိုနှစ်ပတ်ခန့် ရပ်နားသွားမှာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ Jurassic World သရုပ်ဆောင်တွေအပါအဝင် ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ရောဂါကာကွယ်ရေးဆိုင်ရာထုတ်ပြန်ချက်တွေ ကို လိုက်နာပြီး သီးခြားစီခွဲပြီးနေထိုင်နေကြပါတယ်။
အခုရိုက်ကူးနေတဲ့ “Jurassic World: Dominion” ကို ၂၀၂၁ ခုနှစ် နွေရာသီမှာရုံတင်ပြသဖို့မူလကစီစဉ်ထားပေမယ့် COVID-19 ပြဿနာတွေကြောင့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ပြသမယ်ဆိုပြီး နောက်ဆုတ်ခဲ့ရပါတယ်။
















