ဒုတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားခဲ့တဲ့ Mindy Kaling

ဒုတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားခဲ့တဲ့ Mindy Kaling

မင်းသမီး Mindy Kaling က စက်တင်ဘာလ ၃ ရက်နေ့မှာ ရင်သွေးလေးမွေးဖွားခဲ့ကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်း ကမှ တရားဝင်ထုတ်ပြောခဲ့ပါတယ်။

သားယောကျာ်းလေးဖြစ်ပြီး Spencer လို့ အမည်ပေးထားတယ်လို့သိရပါ တယ်။

ဒါဟာသူမရဲ့ဒုတိယမြောက်ရင်သွေလေးဖြစ်ပြီး သမီးအကြီးကတော့ အသက် ၂ နှစ်ရှိပြီဖြစ်ပါတယ်။

Mindy Kaling က သူမကိုယ်ဝန်ဆောင်တာကို လူသိရှင်ကြားထုတ်ပြောရတာကိုမကြိုက်တာကြောင့် အခုမှပဲ ပြောဖြစ်တယ်လို့ဆိုပါတယ်။

ကလေးနှစ်ယောက်က အသက်သိပ်မကွာတာကြောင့် ဆော့ကစားရင်းနဲ့ အရုပ် တွေလုပြီး ရန်ဖြစ်ကြမှာကိုစိုးရိမ်မိတယ်လို့လည်း သူမကဆိုပါတယ်။

အခုတော့ သမီးလေးက သူ့မောင်လေးကို စတွေ့ကတည်းကချစ်ပြီး အရိပ်တကြည့်ကြည့်ဖြစ်နေတယ်လို့ Mindy Kaling က ပြောခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး