အိမ်သို့လာလေ့ရှိသူက ၁၃ နှစ်သမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၂၂ ပတ်အကြာမှ သိရ

အိမ်သို့လာလေ့ရှိသူက ၁၃ နှစ်သမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၂၂ ပတ်အကြာမှ သိရ

ကျောက်တံခါးမြို့နယ်တွင် အိမ်သို့လာလေ့ရှိသူက (၁၃) နှစ်သမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် (၂၂) ပတ်အကြာမှ သိရှိသဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်ဆိုမှု ကို အရေးယူထားကြောင်း အောက်တိုဘာ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

မတ်လ၂၀ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ဖဒိုမြို့၊ဆီဆုံကုန်းကျေးရွာအုပ်စုနေ အသက် (၁၃) နှစ်အရွယ် မိန်းကလေးသည် မိဘများမှာလယ်တဲတွင် ညအိပ်ရန်သွား ရောက်ခဲ့ကြသောကြာင့် နေအိမ်တွင်အစ်ကို အမ တို့နှင့်ကျန်ရစ်ခဲ့သည်။ည ၇ နာရီအချိန်တွင် နေအိမ်၌ တစ်ယောက်တစ်နေရာစီအိပ်ယာဝင်ခဲ့ကြသည်။ ည ၁၂ နာရီအချိန်ခန့်တွင်လူတစ်ဦးနေအိမ်ပေါ်တက်လာသဖြင့်လန့်နိုးသွားပြီးလမ်းမီးရောင်ကြောင့်တက်လာသူမှာနေအိမ်သို့မကြာခဏလာရောက်လည်ပတ်ဖူးသူ စောဖားကွိ(၄၂)နှစ်ဖြစ်ကြောင်းသိရသည်။ထို့နောက် စောဖားကွိမှ၎င်း၏ဘယ်ဘက်လက်ဖြင့် သူမ၏ပါးစပ်ကိုပိတ်ပြီး ၎င်းညာလက်ဖြင့် ချုပ်ကာ အတင်းအဓမ္မပြုကျင့်စဉ်မေ့မြောသတိလစ်သွားခဲ့သည်။

နောက်နေ့ နံနက် အိပ်ယာမှနိုးသောအခါ မိန်းမကိုယ်မှာနာကျင်နေပြီး ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍မည်သူကိုမှမပြောပြဘဲနေခဲ့သည်။ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင်နေထိုင်မကောင်းသဖြင့် မြို့ချောင်းဆေးရုံသို့သွားရောက်ပြသခဲ့သည်။မြို့ချောင်း တိုက်နယ်ဆရာဝန်က စစ်ဆေးရာကိုယ်ဝန်(၂၂)ပါတ်ရှိပြီဖြစ်ကြောင်းပြောပြသိရှိခဲ့ရသောကြောင့်သားမယားပြုကျင့်ခဲ့သူ စောဖားကွိကို ဥပဒေအရအရေးယူပေးရန် အောက်တိုဘာ ၁၂ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

ဖဒိုနယ်မြေရဲစခန်းက(ပ)၁၇၁/၂ဝ၂ဝရာဇသတ်ကြီးပုဒ်မ ၃၇၆ အရအမှုရေးဖွင့်ကာစခန်းမှုးရဲအုပ်အောင်မြင့်ဦးက စစ်ဆေးလျက်ရှိသည်။