ထားဝယ်မြို့နယ်မေတ္တာမြို့စိတ်ကယောင်ခြောက်ခြားဖြစ်ကာလမ်းသွားလမ်းလာများကို ဓားဖြင့်ခုတ်ရာက ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သည်ဆိုမှုကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားသည်။
အောက်တိုဘာ ၁၂ ရက်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်၊ထားဝယ်မြို့နယ် မေတ္တာမြို့၊အမှတ်(၁)ရပ်ကွက်၊မြတ်လေးလမ်း တွင်နေထိုင်ပြီး၊ဥယျာဉ်လုပ်သူစောအယ်သောသော (၂၂) နှစ် သည် စိတ်ကယောင်ခြောက်ခြား ဖြစ်ပြီ၎င်း၏နေအိမ်ရှေ့၌အရှည်(၂)ပေခန့်ရှိဓားတစ်လက်ကိုင်ဆောင်၍လမ်းပေါ်ရှိတွေ့ရှိသမျှလမ်းသွားလမ်းလာလူများကိုလိုက်ခုတ်သတ်ဖြတ်နေကြောင်းသတင်းအရမေတ္တာနယ်မြေရဲစခန်းမှစခန်းမှူးရဲအုပ်အောင်မြင့်ဝင်းနှင့်အဖွဲ့ကသွားရောက်ဖမ်းဆီးခဲ့သည်။
၎င်းကအဖမ်းမခံဘဲနေအိမ်ပေါ်သို့တက်ပြေးခဲ့ပြီးဓားကိုင်ရမ်းနေသဖြင့် သေနတ်ဖြင့်တစ်ချက်ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး အသာတကြည်ဖမ်းဆီးခံရန် ချော့မော့ပြောဆိုမှ အသာတကြည်အဖမ်းခံခဲ့သည်။၎င်းဓားဖြင့်ခုတ်ခဲ့သဖြင့် ကျော်ဇေယျာထွေး(ခ)သားကြီး(၃၄)နှစ်၊တွင်ဘယ်/ညာခြေ သလုံးနှစ်ဘက်ပြတ်ရှ၊နောက် ကျောပြတ်ရှ၊ဘယ်နားရွက်အောက် မေးရိုးပြတ်ရှ၊ဘယ်ပုခုံးပြတ်ရှ ဒဏ်ရာများဖြင့်လည်းကောင်း၊မောင်ဇွဲသက်ပိုင်ဆွေ(၁၂)နှစ်တွင် ဂုတ်ဦးခေါင်းနောက်စေ့ပြတ်ရှ၊ပုခုံးလက်နှစ်ဘက်ပြတ်၊လက်ကောက်ဝတ်ပြတ်ထွက်ဒဏ်ရာများဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်။
စုံစမ်းချက်အရစောအယ်သောသောမှာစိတ်ကယောင်ခြောက်ခြားဖြစ်ကာလမ်သွားလမ်းလာ နှစ်ဦးကိုအကြောင်း မဲ့ဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။မေတ္တာနယ်မြေရဲစခန်း(ပ)၁၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

















