တောင်ကိုရီးယား၌ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၂ ဦးရှိခဲ့

တောင်ကိုရီးယား၌ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၂ ဦးရှိခဲ့

တောင်ကိုရီးယား၌ အောက်တိုဘာ ၁၂ ရက် သန်းခေါင်အထိ COVID-19 ကူးစက်သူသစ် ၁၀၂ ဦးရှိခဲ့သောကြောင့် ယင်းသည် ခြောက်ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်သူူသစ် ဂဏန်းလေးလုံးရှိခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(KCDC) က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား၌ စက်တင်ဘာ ၁၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၉၇ ဦးရှိခဲ့သည်။

တောင်ကိုရီးယား၌ စက်တင်ဘာ ၁၂ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ် တစ်ဦးရှိခဲ့သည်။

တောင်ကိုရီးယား၌ COVID-19 ကူးစက်သူ ၂၄၈၀၅ ဦးနှင့် သေဆုံးသူ ၄၃၄ ဦးရှိနေပြီဖြစ်ကြောင်း KCDC က အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကူးစက်သူသစ်များအနက် ၆၉ ဦးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး ၃၃ ဦးသည် ပြည်ပ၌ ကူးစက်ခံခဲ့ရသူများဖြစ်ကြသည်။

ပြည်ပတွင် ကူးစက်သူများအနက် ၁၄ ဦးသည် ရုရှားမှလာရောက်သူများဖြစ်ပြီး ငါးဦးသည် ဂျပန်မှဖြစ်ကာ လေးဦးသည် နီပေါမှဖြစ်သည်။

တောင်ကိုရီးယား၌၌ လွန်ခဲ့သောနှစ်ပတ်အတွင်း COVID-19 ကူးစက်သူဦးရေသည် ဂဏန်းနှစ်လုံးအထိကျဆင်းခဲ့သောကြောင့် အစိုးရသည် ယခုအပတ်တွင် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။

ဖြေလျှော့မှုများကြောင့် နိုက်ကလပ်များ၊ ကာရာအိုကေဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပြီး ကျန်းမာရေးစည်းမျဉ်းများကိုလိုက်နာပါက အားကစားပြိုင်ပွဲများကို ပရိသတ်ကန့်သတ်ဦးရေဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။

သို့သော် ကူးစက်မှုဗဟိုချက်ဖြစ်နေသည့် ဆိုးလ်၌ ကူးစက်မှုနှုန်းမြင့်မားနေသည့် ရပ်ကွက်များတွင် ကန့်သတ်ချက်များကို ဆက်လက်ထားရှိပြီး ဘာသာရေးဆိုင်ရာအခမ်းအနားများကို ပိတ်ပင်ထားဆဲဖြစ်သည်။

ယခုလအစောပိုင်းတွင် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် စီးပွားရေးအရ ခရီးသွားများအား နှစ်နိုင်ငံကြား အပြန်အလှန်သွားလာခွင့်ပြုခဲ့သည်။