Carlsberg မြန်မာ၏ ပဲခူးဘီယာချက်စက်ရုံတွင် (၆) နှစ်ဆက်တိုက် လုပ်ငန်းခွင် မတော်တဆဖြစ်မှု မရှိ သည့် မှတ်တမ်းကောင်းရရှိ

Carlsberg မြန်မာ၏ ပဲခူးဘီယာချက်စက်ရုံတွင် (၆) နှစ်ဆက်တိုက် လုပ်ငန်းခွင် မတော်တဆဖြစ်မှု မရှိ သည့် မှတ်တမ်းကောင်းရရှိ

Carlsberg မြန်မာသည် ၎င်း၏ ပဲခူးဘီယာချက်စက်ရုံတွင် (၆)နှစ်ဆက်တိုက် လုပ်ငန်းခွင်မတော် တဆဖြစ်မှု (Lost Time Accident -LTA) မရှိဘဲ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး မှတ်တမ်းကောင်းတစ်ရပ်ကို စိုက်ထူထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဝန်ထမ်းများ၏ ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာတို့အတွက် အမြင့်ဆုံး စံနှုန်းများထားရှိလုပ်ဆောင်နေသေည့် ကုမ္ပဏီတစ်ခု ဖြစ်သည့်အားလျော်စွာ ဤကဲ့သို့သော မှတ်တမ်းကောင်း ရရှိထားနိုင်ခြင်းဖြစ်သည်ဟု သိရသည်။ “ကျွန်တော်တို့ရဲ့ ပဲခူးစက်ရုံဟာ စက်ရုံစတင် တည်ထောင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ ယနေ့အထိ လုပ်ငန်းခွင်မတော်တဆမှု တစ်ခုမှ မရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ “ဒီလို မှတ်တမ်းကောင်းတစ်ရပ်ကို စိုက်ထူထားနိုင်တာကလည်း ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်အားထက်သန်မှု၊ အာရုံစိုက်မှု၊ အားသွန်ခွန်စိုက် ကြိုးပမ်းမှုတွေကြောင့် ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဆိုတဲ့ စိတ်ဓါတ်ကို ဆက်လက်ထားရှိပြီး ဘေးကင်းရေး စံချိန်စံညွှန်းတွေကို စဉ်ဆက်မပြတ်နဲ့ တသမတ်တည်းဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်သလို Carlsberg ရဲ့ မတော်တဆမှု ကင်းစင်တဲ့ ZERO Accidents Culture ပုံစံကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” ဟု Carlsberg မြန်မာ၏ Supply Chain Director ဖြစ်သူ Mr Vaibhav Khedkar က ပြောသည်။

Lost Time Accident (LTA) မတော်တဆမှုဆိုသည်မှာ ဝန်ထမ်းတစ်ဦးတစ်ယောက်ကို မသန်စွမ်း ဖြစ်သွားစေသော၊ သို့မဟုတ် ဝန်ထမ်းအနေဖြင့် လုပ်ငန်းခွင်မဝင်ရောက်နိုင်သည်အထိ ဖြစ်စေသော မတော်တဆဖြစ်မှုများကို ဆိုလိုသည်။ LTA သည် အဖွဲ့အစည်းတစ်ခု၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန (HSE Department) ၏ ထိရောက်စွမ်းဆောင်နိုင်မှုကို တိုင်းတာသော အရေးကြီးအညွှန်းကိန်းများအနက်မှ တစ်ခုဖြစ်သည်။ LTA အညွှန်းကိန်း နိမ့်သည်နှင့်အမျှ အဖွဲ့အစည်း၏ ဘေးကင်းလုံခြုံရေး စွမ်းဆောင်ရည်မြင့်မားကြောင်း ဖော်ပြနေခြင်းလည်း ဖြစ်သည်။ ဘီယာထုတ်လုပ်ရေးကဏ္ဍတွင် (၁) နှစ်အထိ LTA မတော်တဆမှုဖြစ်ပွားခြင်းမရှိပါက အလွန်ကောင်းမွန်သည့် ဘေးကင်းလုံခြုံရေးအဆင့်အတန်းရှိသည်ဟု ယူဆနိုင်ကြောင်းသိရသည်။

အထူးသဖြင့် Carlsberg မြန်မာသည် ဝန်ထမ်းများ နေ့စဉ်လုပ်ဆောင်ရသော လုပ်ငန်းများအတွက် ဘေးအန္တရာယ် ဆန်းစစ်မှုဆိုင်ရာ သင်တန်းပေးမှုကို ပြုလုပ်ကြောင်း၊ ထိခိုက်လဲပြိုခြင်းများ၊ အသက်ကယ် စည်းမျဉ်းများ၊ ယာဉ် အန္တရာယ် ကင်းရှင်းရေး၊ ဓါတုပစ္စည်းများ ကိုင်တွယ်ခြင်း၊ မီးဘေးအန္တရာယ်၊ လျှပ်စစ်အန္တရာယ်၊ ဘေးအန္တရာယ်ဆန်းစစ်မှု၊ ကန်ထရိုက်တာ စီမံခန့်ခွဲမှု၊ အပြုအမူ ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အစရှိသည့် အထူးခေါင်းစဉ်များအတွက်လည်း ပုံမှန်သင်တန်းပေးမှု များ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ ကုမ္ပဏီအနေဖြင့် ဘေးကင်းမှုမရှိသော လုပ်ဆောင်ချက်များ၊ အခြေအနေများကို တိုင်ကြားသတင်းပို့ရန် ဝန်ထမ်းများကို စဉ်ဆက်မပြတ် တိုက်တွန်းအားပေးနေပြီး လိုအပ်ချက်များရှိပါက ပြင်ဆင်နိုင်ရန် စံချိန်စံနှုန်းများကိုလည်း အမြဲပြင်ဆင်မွမ်းမံနေကြောင်း၊ စက်ရုံသို့ ပြင်ပမှဧည့်သည်များ လာရောက်လေ့လာကြည့်ရှုသည့်အခါများတွင်လည်း ဘေးကင်းလုံခြုံရေးအကျဉ်း ချုပ်ပို့ချမှုများ ပြုလုပ်ကြောင်းသိရသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရန်အတွက် ဝန်ထမ်းများကို သင်တန်းပေးခြင်း၊ ထုတ်လုပ်ရေးကဏ္ဍ၏ အကောင်းဆုံးလုပ်ငန်းစဉ်များဖြင့် လုပ်ဆောင်စေခြင်းတို့က Carlsberg ၏ မတော်တဆမှု ကင်းစင်သော ZERO Accidents Culture ကို တည်ဆောက်ထားနိုင်ခြင်း၏ အဓိက သော့ချက်ဖြစ်သည်။ Carlsberg မြန်မာသည် ဝန်ထမ်းများအတွက် လက်ရှိအချိန်အထိ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းပေးမှု စုစုပေါင်း (၁၄,၅၄၃) နာရီအထိ ပို့ချပေးထားပြီး ဖြစ်ကြောင်းသိရသည်။ ၂၀၁၇ ခုနှစ်တွင် Carlsberg မြန်မာသည် အာရှဒေသရှိ Carlsberg လုပ်ငန်းများအနက် HSE ကဏ္ဍဆိုင်ရာ တိုးတက်မှုအရှိဆုံးလုပ်ငန်းဖြစ်ခဲ့ပြီး LTA မတော်တဆမှုကင်းစင်သည့် ရက်ပေါင်း (၁,၀၀၀) ပြည့်မြောက်ခဲ့ကာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အမြင့်ဆုံးစံနှုန်းများကို ပိုင်ဆိုင်ထားနိုင်ခြင်းကြောင့် Gold Certificate ကိုရရှိခဲ့သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ပဲခူးစက်ရုံသည် (၅) နှစ်ဆက်တိုက် LTA မတော်တဆမှုကင်းစင်သည့် မှတ်တမ်းကိုလည်း ရရှိခဲ့သည်။

Carlsberg ၏ မြန်မာပြည်တွင်းစက်ရုံသည် ပဲခူးတိုင်းဒေသကြီး ညောင်အင်းကျေးရွာရှိ (၅၄) ဧကကျယ် မြေနေရာပေါ်တွင် တည်ရှိပြီး နိုင်ငံတကာပရီမီယံအမှတ်တံဆိပ်နှစ်ခုဖြစ်သော Carlsberg နှင့် Tuborg အမှတ်တံဆိပ်များကိုသာမက ပြည်တွင်း စျေးကွက်အတွက် အထူးထုတ်လုပ်ထားသော Yoma နှင့် Black Eagle အမှတ်တံဆိပ်နှစ်ခုကိုပါ ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည်။ ထိုစက်ရုံတွင် ကုန်လှောင်ရုံဝန်ထမ်း အပါအဝင် လုပ်သားအင်အား စုစုပေါင်း (၁၄၅) ဦးရှိသည်။

လက်ရှိ အချိန်အထိ Carlsberg သည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၁၀) ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဝန်ထမ်းပေါင်း (၇၅၀) ကျော်ကို ခန့်အပ်ထားပြီး ဝန်ထမ်းအင်အား၏ (၉၉) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ ယမန်နှစ်က Carlsberg သည် အခွန်ငွေ မြန်မာကျပ် ၂၅.၈ ဘီယီယံကို ပေးဆောင်ခဲ့ကာ နိုင်ငံတွင်း အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သော လုပ်ငန်းတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံးအလုပ်ရှင်ဆုများအနက် (၅) ဆုကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့ခြင်းနှင့်အတူ ထိပ်တန်းအလုပ်ရှင်တစ်ဦး အဖြစ်လည်း အသိအမှတ်ပြုခံရပြီးဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး