မဲဆောက်ရှိ မြန်မာလုပ်သားများအား COVID-19 ရောဂါပိုးရှိ၊မရှိ အခမဲ့စစ်ဆေးပေး

မဲဆောက်ရှိ မြန်မာလုပ်သားများအား COVID-19 ရောဂါပိုးရှိ၊မရှိ အခမဲ့စစ်ဆေးပေး

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မဲဆောက်မြို့တွင် ထိုင်းအစိုးရတာဝန်ရှိသူများက မြန်မာလုပ်သားများအား COVID-19 ရောဂါပိုးရှိ၊မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုတွင် မဲဆောက်စျေးအတွင်းရှိစျေးရောင်းချနေသည့် မြန်မာစျေးသည်များနှင့် စျေးအတွင်းအလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၊ မဲဆောက်မြို့နယ်အတွင်းရှိစက်ရုံ အလုပ်ရုံများ၌ အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများအားအောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီအချိန်မှစတင်၍ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီနှင့် ကျန်းမာရေးဌာနတို့မှတာဝန်ရှိသူများပူးပေါင်းပြီး COVID-19 ရောဂါပိုးရှိ၊မရှိ အခမဲ့စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ မြန်မာအလုပ်သမားများအားစစ်ဆေးပေးရာတွင် မယ်တော်ဘုန်းတော်ကြီးကျောင်းနှင့် မဲဆောက်စျေးကြီးအနီး သတ်မှတ်နေရာတို့၌ နှစ်နေရာခွဲပြီး စစ်ဆေးပေးလျက်ရှိကာ အောက်တိုဘာ ၁၂ ရက်က အလုပ်သမားပေါင်း ၁၂ဝဝ စစ်ဆေးပေးနိုင်ခဲ့သည်သည်။

''ထိုင်းဘက်မှာ ကိုဗစ်ရောဂါကူးစက်မှုမရှိတော့ပေမယ့် မြန်မာဘက်မှာနေ့စဉ်ရောဂါကူးစက်သူ ထောင်ကျော်ရှိနေကြောင်း သတင်းတွေအရ မြန်မာအလုပ်သမားတွေကို ထိုင်းအမျိုးသားလုံခြုံရေးကောင်စီနဲ့ ကျန်းမာရေးဌာနက ဦးဆောင်ပြီးစစ်ဆေးပေးတာဖြစ်ပါတယ်။ ဒီနေ့အထိတော့ ရောဂါပိုးတွေ့သူမရှိသေးပါဘူး၊ ထိုင်းမှာက ကိုဗစ်ရောဂါပိုးကူးစက်ပြီး သေဆုံးသူ ၅၉ ဦးရှိခဲ့ပါတယ်။ အခုစစ်ဆေးပေးတာကလည်း ပိုက်ဆံမပေးရပါဘူး၊ အခမဲ့စစ်ဆေးပေးတာဖြစ်ပါတယ်''ဟု မဲဆောက်စျေးအတွင်း ကြက်သွန်ရောင်းချနေသူတစ်ဦးက ပြောသည်။

ကိုဗစ်ရောဂါပိုး စစ်ဆေးပြီးသူမြန်မာအလုပ်သမားများအား စစ်ဆေးပြီးကြောင်းလက်မှတ်များ ထုတ်ပေးပြီးသတ်မှတ်ကာလပြီး၍ စစ်ဆေးခံထားရခြင်း၊ လက်မှတ်မပြနိုင်ပါက ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်း၌ အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားများ စုစုပေါင်းတစ်သိန်းခွဲခန့်ရှိကြောင်းသိရပြီး စစ်ဆေးမှုအရကိုဗစ်ရောဂါပိုးတွေ့ရှိပါက အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး