ဒေါ်လာ ၈ သန်းကျော်တန်တဲ့ပန်းချီကားကို ဝယ်ယူခဲ့တဲ့ T.O.P
T.O.P ကတော့ ပန်းချီကားတွေကို ဝယ်ယူစုဆောင်းရတာကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။
ပန်းချီကားတွေ ကို ဈေးကြီးပေးပြီးဝယ်ယူဖို့ကိုလည်း မနှမြောတတ်ဘူးလို့သိရပါတယ်။
မကြာသေးခင်ကပဲ T.O.P က သူဝယ်ယူခဲ့တဲ့ပန်းချီကားတစ်ချပ်ကို အင်စတာဂရမ်ပေါ်မှာတင်ပြီး ပရိသတ်တွေကိုပြသခဲ့ပါတယ်။
T.O.P အခု ဝယ်ခဲ့တဲ့ပန်းချီကားကတော့ ပန်းချီဆရာ Frank Stella ရေးဆွဲထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ သန်း ကျော်ပေးဝယ်ခဲ့ရတယ်လို့သိရပါတယ်။
ပိုက်ဆံအများကြီးကုန်ကျခဲ့ပေမယ့်လည်း T.O.P ကတော့ သူလိုချင်တဲ့ ပန်းချီကားကိုရခဲ့လို့ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။
















