COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးရတော့မယ့် Im Siwan
Im Siwan တစ်ယောက် COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးရတော့မှာဖြစ်ပါတယ်။
ZE:A အဖွဲ့ဝင်တစ်ယောက် လည်းဖြစ် မင်းသားလည်းဖြစ်တဲ့ Im Siwan ရဲ့ အိမ်နီးချင်းတစ်ယောက်မှာ COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရ တာကြောင့် သူလည်းပိုးရှိမရှိ စစ်ဆေးရတော့မှာပါ။
Im Siwan ဟာ လက်ရှိမှာ JTBC ရဲ့ “Run On” ဇာတ်လမ်းတွဲကိုရိုက်ကူးနေတာဖြစ်ပြီး အခုတော့ ဆေးစစ်ချက်အဖြေထွက်လာတဲ့အထိ ရိုက်ကူးရေးကိုရပ်နား ထားမယ်လို့ ဆိုပါတယ်။
“Run On” ဇာတ်လမ်းတွဲမှာတော့ Im Siwan နဲ့အတူ Shin Se Kyung, Sooyoung နဲ့ Kang Tae Oh တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
















