ဒီလထဲမှာကြည့်ရတော့မယ့် “The Spies Who Loved Me”

ဒီလထဲမှာကြည့်ရတော့မယ့် “The Spies Who Loved Me”

အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်လွှင့်ပြသမယ့် “The Spies Who Loved Me” ဇာတ်လမ်းတွဲမှာ Eric Mun နဲ့ Im Joo Hwan တို့ကို Yoo In Na ရဲ့ ခင်ပွန်းဟောင်းနဲ့ လက်ရှိခင်ပွန်းအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။

မင်းသမီး Yoo In Na ကတော့ နှစ်ကြိမ်အိမ်ထောင်ပြုထားတဲ့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားပါတယ်။

Shinhwa အဖွဲ့ဝင် Eric Mun ကတော့ ပထမခင်ပွန်း Jun Ji Hoon နေရာကပါဝင်ပြီး Im Joo Hwan က ဒုတိယခင်ပွန်း Derek Hyun အဖြစ် ပါဝင်ထားပါတယ်။

သူတို့နှစ်ယောက်လုံးမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် တွေကိုယ်စီရှိကြတာကြောင့် Yoo In Na နဲ့ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးတွေဖြစ်မလဲ ဆိုတာ စိတ်ဝင်စား စရာကောင်းပါတယ်။

“The Spies Who Loved Me” ဇာတ်လမ်းတွဲရဲ့ပထမပိုင်းကို ဒီလ ၂၁ ရက်နေ့မှာ MBC ရုပ်သံလိုင်းကနေစတင်ပြသမှာဖြစ်ပါတယ်။

အပိုင်းစုစုပေါင်း ၃၂ ပိုင်းပါဝင်ပြီး တစ်ပိုင်းကို ကြာချိန် ၃၅ မိနစ်သာ ရှိတယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး