ဒီနှစ်ထဲမှာပြသဖို့ရှိတဲ့ ငွေကြေးအရင်းအနှီးများများနဲ့ရိုက်ကူးထားရတဲ့ ရုပ်ရှင်ကားတွေဟာ COVID-19 ကြောင့် ရုံတင်ပြသလို့မရပဲ Netflix တို့ Apple တို့လို streaming service တွေမှာပဲ ပြသနေရပါတယ်။
Disney ရဲ့ Mulan ရုပ်ရှင်ဆိုရင်လည်း Disney Plus ကနေပဲ ပြသခဲ့ရပါတယ်။
အခုလည်း ပရိသတ်တွေစောင့်မျှော်နေကြ တဲ့ Wonder Woman 1984 ရုပ်ရှင်ကို streaming service ကနေပဲ ပြသတော့မယ်ဆိုတဲ့သတင်းတွေထွက်နေ ပါတယ်။
ဒါပေမယ့် Wonder Woman 1984 ရဲ့ ဒါရိုက်တာ Patty Jenkins က Wonder Woman 1984 ရုပ်ရှင်ကို ဘယ် streaming service မှာမှ ထုတ်လွှင့်ပြသဖို့အစီအစဉ်မရှိပဲ ရုပ်ရှင်ရုံတွေမှာပဲရုံတင်ပြသမှာဖြစ် တယ်လို့ သူမရဲ့တွစ်တာကနေ တရားဝင်ကြေညာခဲ့ပါတယ်။
လောလောဆယ်မှာတော့ Wonder Woman 1984 ကို အခုလာမယ့် ခရစ္စမတ်စ်နေ့မှာ ရုံတင်ပြသဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။
















