ရင်သွေးလေးမွေးဖွားဖို့ နှစ်လသာလိုတော့တဲ့ April Love Geary

ရင်သွေးလေးမွေးဖွားဖို့ နှစ်လသာလိုတော့တဲ့ April Love Geary

April Love Geary က Robin Thicke ရဲ့ တတိယရင်သွေးလေးကိုလွယ်ထားရပြီဖြစ်ကြောင်း ဒီလအစောပိုင်း ကပဲကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကတော့ April က သူမရဲ့ဓာတ်ပုံကို အင်စတာဂရမ်မှာတင်ခဲ့ ပါတယ်။

ရေကူးဝတ်စုံကိုပဲဝတ်ထားတာကြောင့် သိသိသာသာထွက်နေတဲ့သူမရဲ့ဗိုက်ကိုလည်း ပရိသတ်တွေက တွေ့မြင်ခဲ့ရပါတယ်။

မီးဖွားဖို့ ၂ လပဲ လိုတော့တာကြောင့် သူမရဲ့အရေပြားတွေကို ဆွဲဆန့်ထားသလိုဖြစ်နေ တယ်လို့ အသက် ၂၅ နှစ်အရွယ် April က ဆိုပါတယ်။

April ဟာ Robin Thicke နဲ့ ၂၀၁၄ ခုနှစ်မှာ ချစ်သူတွေ စဖြစ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စေ့စပ်ခဲ့ကြပါတယ်။

Robin Thicke ဟာ အရင်တုန်းက မင်းသမီး Paula Patton နဲ့ အိမ်ထောင်ကျခဲ့ပြီး ၁၀ နှစ်အရွယ် သားတစ်ယောက်လည်း ရှိခဲ့ပါတယ်။

April နဲ့ကတော့ သမီးနှစ်ယောက်ပိုင်ဆိုင်ထားပြီး အခုရင်သွေးလေးက သူတို့ရဲ့တတိယမြောက်ရင်သွေးလေးဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး