ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ဝင်ရောက်လာသူ(၂)ဦးကို ဖမ်းဆီး၊ Quarantine စင်တာပို့

ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ဝင်ရောက်လာသူ(၂)ဦးကို ဖမ်းဆီး၊ Quarantine စင်တာပို့

မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ဝင် ရောက်လာသူ ၂ ဦးကို ဖမ်းဆီးကာ Quarantine center သို့ပို့ဆောင် အရေးယူထားကြောင်း အောက်တိုဘာ ၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မင်းလှမြို့နယ်၊ ပနီဆုံကျေးရွာအုပ်စု၊ လေးပင်ရွာနှင့်ကျောင်းကုန်းကျေးရွာ အုပ်စုကြား ဆင်သေချောင်းအနီးတွင် မသင်္ကာဖွယ်လူ (၂) ဦး ရောက်ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက အကြောင်းကြားသဖြင့် လက်ပံတံခါးရဲကင်းစခန်းမှ ဒုရဲအုပ် သက်နိုင်ဦးနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါဆင်သေချောင်း အနီးတွင် မသင်္ကာဖွယ်တွေ့ရသူ(၂)ဦးကို တွေ့ရှိထိန်းသိမ်းခဲ့သည်။၎င်းတို့(၂)ဦးမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ယင်စည်ကျေးရွာနေ မောင်လဝန်း (ခ)ရှာဝတီ (၁၆)နှစ်၊ နှင့် ခိုင်တောကျေးရွာနေ မောင်မောင်စိုး(ခ)အဒူစမ်ဆဲ (၁၅)နှစ်၊ တို့ဖြစ်ကြောင်းသိရပြီး အထောက်အထားမဲ့ ဝင်ရောက်လာ သူများဖြစ်ကြောင်းစစ်ဆေးသိရ၍ မင်းလှမြို့နယ် လဝက ဦးစီးမှူး ဦးစန်းမင်း ထံသို့အပ်နှံကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

မြို့တွင်အလုပ် လုပ်ကိုင်ရန်အတွက် မြောက်ဦးမြို့နယ်ရှိ ၎င်းတို့နေထိုင်ရာကျေးရွာများမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။၎င်းတို့(၂)ဦးကို လက်ပံတံခါးကျေးရွာ အုပ်ချုပ်ရေးရုံးတွင် Quarantine ထားရှိပြီး သက်ဆိုင်ရာက လိုအပ်သည်များဆက်လက်ဆောင်ရွက်လျက်ရှိသည်။