မင်းသမီး Yoon Eun Hye လို့ပြောလိုက်ရင် မသိတဲ့သူမရှိလောက်အောင် တစ်ခေတ်တစ်ခါကနာမည်ကျော် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
သူမရဲ့ပွဲဦးထွက်ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Princess Hours” ဆိုတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး ပထမဆုံးဇာတ်ကားနဲ့တင်ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။
“Princess Hours” နောက်ပိုင်းမှာတော့ စပျစ်သီးခြံကအချစ်ဇာတ်လမ်း လို့ လူသိများတဲ့ “The Vineyard Man”, “The Coffee Prince” စတဲ့ ပရိသတ်အသည်းစွဲကြိုက်တဲ့ ဇာတ်ကား တွေအပြင် တခြားဇာတ်လမ်းတွဲပေါင်းများစွာကို ၂၀၁၅ ခုနှစ်ဝန်းကျင်လောက်အထိ ရိုက်ကူးခဲ့ရပါတယ်။
ဒါ့အပြင်အဝတ်အစားဒီဇိုင်းဆွဲတာကိုဝါသနာပါတဲ့သူမဟာ ဒီဇိုင်နာလောကထဲကိုလည်းဝင်ရောက်ခဲ့ပြီး တရုတ် ဖက်ရှင်ပွဲတစ်ခုမှာ ဆုရရှိခဲ့ပါသေးတယ်။
ဒါပေမယ့် Yoon Eun Hye ဆုရခဲ့တဲ့ဒီဇိုင်းဟာ ဒီဇိုင်နာ Yoon Choon Ho ရဲ့ ဒီဇိုင်းနဲ့ဆင်တူတာကြောင့် သူမဒီဇိုင်းကိုခိုးချတယ်ဆိုပြီးဒီဇိုင်နာကိုယ်တိုင်စွပ်စွဲခဲ့တဲ့သတင်းဟာ ဟိုးလေး တကျော်ကျော်ဖြစ်ခဲ့ပြီး သူမရဲ့အနုပညာအလုပ်ကိုပါ ထိခိုက်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်နောက်ပိုင်းမှာ ထွက်ရှိ တဲ့ Yoon Eun Hye ဇာတ်ကားတွေလည်း ကြည့်ရှုနှုန်းတွေကျဆင်းခဲ့ပြီး အနုပညာအလုပ်တွေဆက်မလုပ်နိုင် တော့ပဲ ရှစ်နှစ်လုံးလုံး စိတ်ကျရောဂါဖြစ်ခဲ့ရတယ်လို့ အသက် ၃၆ နှစ်အရွယ် Yoon Eun Hye က ဝန်ခံခဲ့ ပါတယ်။
အခုတော့ သူမရဲ့ ပုံမှန်အခြေအနေကိုပြန်ရောက်လာပြီလို့ဆိုနိုင်တာကြောင့် Yoon Eun Hye ရဲ့ ဇာတ်ကားတွေ ပြန်လည်မြင် တွေ့ရဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
















