TWICE ရဲ့ အခွေအသစ်မှာ Dua Lipa ရေးစပ်ထားတဲ့ သီချင်းပါဝင်မည်
TWICE ရဲ့ အသစ်ထွက်ဖို့ရှိတဲ့ “Eyes Wide Open” ဆိုတဲ့အခွေထဲမှာပါဝင်တဲ့သီချင်းတစ်ပုဒ်ကို ကမ္ဘာကျော် အဆိုတော် Dua Lipa က ပါဝင်ရေးစပ်ပေးထားတယ်လို့ သိရပါတယ်။
သီချင်းရဲ့နာမည်က “Behind the Mask” ဖြစ်ပြီး Dua Lipa နဲ့ ရက်ပ်အဆိုတော် Heize တို့က ပူးတွဲရေးသားထားတာပါ။
Dua Lipa ဟာ BLACKPINK အဖွဲ့နဲ့လည်း “Kiss and Make Up” ဆိုတဲ့သီချင်းနဲ့ MAMAMOO အဖွဲ့ဝင် Hwasa နဲ့လည်း “Physical” ဆိုတဲ့သီချင်းတွေကိုလည်း ဖန်တီးခဲ့ဖူးတာကြောင့် ကေပေါ့ပ်အဖွဲ့တွေနဲ့ ပူးပေါင်းတာ သူမအတွက် ပထမဆုံးအကြိမ်တော့မဟုတ်သေးပါဘူး။
အောက်တိုဘာလ ၂၆ ရက်နေ့မှာထွက်ရှိလာမယ့် TWICE အဖွဲ့ရဲ့ “Eyes Wide Open” အခွေမှာ သီချင်း ၁၃ ပုဒ် ပါဝင်လာမယ်လို့သိရပါတယ်။
















