ချစ်သူနဲ့လက်ထပ်လိုက်ပြီဖြစ်တဲ့ Cynthia Bailey
အမေရိကန်မော်ဒယ်လ် Cynthia Bailey ကတော့ သူမရဲ့ချစ်သူ Mike Hill နဲ့ ပြီးခဲ့တဲ့စနေနေ့ကပဲ မင်္ဂလာ ဆောင်လိုက်ပြီဖြစ်ပါတယ်။
သူတို့ရဲ့မင်္ဂလာပွဲကိုတော့ ဂျော်ဂျီယာနိုင်ငံ မြို့တော် အက်ဝေါ့မှာ ကျင်းပခဲ့တာပါ။
အသက် ၅၃ နှစ်အရွယ် Cynthia ရဲ့ မင်္ဂလာပွဲကို “The Real Housewives of Atlanta” က ခင်မင်ရင်းနှီးသူ တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
Cynthia က သူတို့နှစ်ယောက်စောင့်မျှော်နေတဲ့နေ့ရက်လေးကို ရောက်ရှိ လာပြီဖြစ်ပြီး “၁၀.၁၀.၂၀၂၀” ဆိုတဲ့ ရက်စွဲကလည်း ပြီးပြည့်စုံတဲ့ရက်စွဲလေးပါပဲလို့ ပြောခဲ့ပါတယ်။
သူတို့ နှစ်ယောက်လုံးကို ချစ်ခင်ကြတဲ့သူတွေအများအပြားလာရောက်ခဲ့ကြတဲ့ မင်္ဂလာပွဲလေးဟာ အတော်လေး စည်ကားခဲ့ပြီး ပွဲတက်သူအများစုက mask တွေ မတတ်ပဲလာရောက်ခဲ့ကြတာကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
















