အလှဘုရင်မ Cleopatra အဖြစ် မြင်တွေ့ရဦးမယ့် Wonder Woman 

အလှဘုရင်မ Cleopatra အဖြစ် မြင်တွေ့ရဦးမယ့် Wonder Woman 

“Wonder Woman” မင်းသမီး Gal Gatot ကို အီဂျစ်ဘုရင်မ Cleopatra အဖြစ် တွေ့မြင်ရဖို့ရှိနေပါတယ်။

ဒီဇာတ်ကားကို လည်း “Wonder Woman” ရဲ့ ဒါရိုက်တာ Petty Jenkins ကပဲ ရိုက်ကူးပေးမှာဖြစ်တာကြောင့် သူတို့နှစ် ယောက်ရဲ့အတွဲညီမှုကို ထပ်မံတွေ့မြင်ရဦးမှာဖြစ်ပြီး ဇာတ်ညွှန်းကို Laeta Kalogridis က ရေးသား ထားတာ ဖြစ်ပါတယ်။

ရိုက်ကူးထုတ်လုပ်ခွင့်ကိုတော့ Paramount ရုပ်ရှင် ထုတ်လုပ်ရေးက ရရှိသွားခဲ့ပါတယ်။

Cleopatra ပရောဂျက်ကိုလိုချင်သူတွေထဲမှာ Netflix, Apple, Warner Bros, Universe တို့လည်းပါဝင်ခဲ့ပြီး Paramount က ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

စတင်ရိုက်ကူးမယ့်ရက်နဲ့ ထွက်ရှိမယ့်ရက်ကိုတော့ အတည်မပြုရ သေးပါဘူး။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး