အညိုရောင်နယ်မြေ နောင်ချိုရှိ ကျေးရွာအချို့တွင်တပ်မတော်နှင့်ရဲ လုံခြုံရေးယူ၍ ရွေးကောက်ပွဲဆောင်ရွက်မည်

အညိုရောင်နယ်မြေ နောင်ချိုရှိ ကျေးရွာအချို့တွင်တပ်မတော်နှင့်ရဲ လုံခြုံရေးယူ၍ ရွေးကောက်ပွဲဆောင်ရွက်မည်

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်အစပ်ရှိ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့်မဲတော၊ ကျွန်းတိုင်၊ သက္ကံကျေးရွာတို့အား တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က လုံခြုံရေးရယူ၍ ရွေးကောက်ပွဲအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် ပြည်ဦးလွင်မြို့နယ်အတွင်း ပါဝင်သော်လည်းယခုအခါ အညိုရောင်နယ်မြေများအဖြစ်သတ်မှတ်ထားခြင်းကြောင့် ယခုကဲ့သို့ လုံခြုံးရေးရယူ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် မဲရုံပေါင်း၂ဝဝ ခန့် ပြင်ဆင်ထားရှိမည်ဖြစ်ပြီးအဆိုပါ မဲရုံများအတွက် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ ၂ဝဝ နှင့်ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ၊ ရပ်ကွက်များရှိပရဟိတအသင်းများမှ စေတနာဝန်ထမ်း ၃၇ဝဝ ကျော်ကလည်း မဲရုံများတွင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဲရုံများလိုအပ်ပါက ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းအင်အားကိုလည်း ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး