အီတလီမှ ဗြိတိန်သို့ ပြန်လာသည့် ခရီးသွားများ Quarantine ၁၄ ရက် ဝင်ရမည်

အီတလီမှ ဗြိတိန်သို့ ပြန်လာသည့် ခရီးသွားများ Quarantine ၁၄ ရက် ဝင်ရမည်

လန်ဒန် အောက်တိုဘာ ၁၆ - အီတလီမှ ဗြိတိန်သို့ ပြန်လာသော ခရီးသွားများအနေဖြင့် ၁၄ ရက် ကြာ သီးခြားခွဲ၍ နေထိုင်ရမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ အဆင့်မြင့် အရာရှိတစ်ဦးက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဗာတီကန်စီးတီးနှင့် ဆန်မာရီနိုတို့မှ ဗြိတိန်သို့ ပြန်လည်ရောက်ရှိလာ သူများသည်လည်း သီးခြားခွဲ၍ နေထိုင်ရမည်ဖြစ်ကြောင်း ဗြိတိန်ပို့ဆောင် ရေးဝန်ကြီး ဂရန့်ရှက်ပ်စ်က ကြေညာခဲ့ပြီး ယင်းကြေညာချက်သည် အောက် တိုဘာ ၁၈ ရက် နံနက် ၄ နာရီအချိန်တွင် စတင်သက်ရောက်မည်ဖြစ် ကြောင်း သိရသည်။

ဂရိနိုင်ငံ ခရီတီကျွန်းမှ ပြန်လာသူများကို သီးခြားထားရှိစောင့်ကြည့် နေထိုင်မှု စာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ၁၄ ရက်ကြာ သီးခြားနေထိုင်ရန် မလို အပ်ကြောင်း ရှက်ပ်စ်က ပြောကြားခဲ့သည်။ အီတလီတွင် တစ်ရက်အတွင်း ကူးစက်သူသစ် ၈၈၀၄ ဦးဖြင့် စံချိန်ရှိခဲ့ပြီးနောက် ဗြိတိန်က ယခုကြေညာ ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်တွင် အောက်တိုဘာ ၁၅ ရက်၌ COVID-19 ကူးစက်သူသစ် ၁၈၉၈၀ ဦးရှိပြီး စုစုပေါင်း ကူးစက်သူ ၆၇၃၆၂၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။ အောက် တိုဘာ ၁၅ တွင် ဗြိတိန်၌ သေဆုံးသူသစ် ၁၃၈ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၄၃၂၉၃ ဦးရှိကြောင်း သိရသည်။ ထို့ကြောင့် မြို့တော် လန်ဒန်နှင့် အချို့သော နေရာဒေသများတွင် အစိုးရက တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ခဲ့သည်။ အေပီ