အော့တဝါ အောက်တိုဘာ ၁၇ - ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ကြိုဆိုကြောင်း ပြောကြားခဲ့ခြင်းအပေါ် တရုတ်ထိပ်တန်းသံတမန်တစ်ဦးက သတိပေးပြောဆိုခဲ့သော်လည်း ကနေဒါအနေဖြင့် လူ့အခွင့်အရေးကို အပြည့်အ၀ ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးက အောက်တိုဘာ ၁၆ ရက်တွင် ပြောဆိုခဲ့သည်။
ကနေဒါသည် ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို နိုင်ငံရေးခိုလှုံခွင့်ပေးမည်ဟု သတင်းထွက်လာခဲ့ပြီးနောက် ကနေဒါနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ကွန်ပိုင်ဝူက သတိပေးခဲ့ခြင်းဖြစ်ပြီး တရုတ်ပိုင် နက်ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်တွင် နေထိုင်ကြ သည့် ကနေဒါနိုင်ငံသား ၃၀၀၀၀၀ ၏ ကျန်းမာရေးနှင့် လုံခြုံရေးတို့အတွက် အကျိုးဆက်များ ရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို နိုင်ငံရေး ခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း ကနေဒါနေ့စဉ်သတင်းစာ The Globe နှင့် Mail တို့က ဖော်ပြခဲ့ကြပြီး အစိုးရက တရားဝင် ငြင်းဆန်ခြင်းမရှိသလို အတည်ပြု ခြင်းလည်း မရှိခဲ့ပေ။
‘’ ကမ္ဘာတစ်ဝန်းလုံးက တရုတ်ဟာ သူတို့ရဲ့ သံတမန်ရေးရာဖိအားပေးမှု ဆောင်ရွက်တယ်လို့ ပြောပြော မပြောပြော၊ ဟောင်ကောင် အရေးနဲ့ပတ်သက်ပြီး အင်မတန်ကို စိုးရိမ်ရတယ်လို့ ပြောနေကြတာ ဟုတ်ဟုတ်၊မဟုတ်ဟုတ်၊ ဝီဂါတွေ ရင်ဆိုင်နေရတဲ့အကြောင်း ပြောနေကြတာ ဟုတ်ဟုတ်၊မဟုတ်ဟုတ် ကျွန်တော်တို့ကတော့ လူ့အခွင့်အရေးအတွက် ရှင်းရှင်းလင်းလင်းနဲ့ ဟစ်ကြွေးပြီး ရပ်တည်သွားပါမယ်။ ဒါကို တင်းမာမှုလို့ ကျွန်တော်တို့ မမြင်ပါဘူး’’ ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး အစောပိုင်းတွင်လည်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချခဲ့ကြောင်း သိရသည်။ အေပီ

















