ရန်ကုန်မှမြဝတီသို့ရောက်လာသည့် ကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့်ထိတွေ့သူ ၁ဝ ဦး၌ ကိုဗစ်ပိုးတွေ့

ရန်ကုန်မှမြဝတီသို့ရောက်လာသည့် ကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့်ထိတွေ့သူ ၁ဝ ဦး၌ ကိုဗစ်ပိုးတွေ့

ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံမှကုန်များ တင်ဆောင်၍ မြဝတီသို့လာရောက်သည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ အမျိုးသား ၁ဝ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံမှ ကုန်များတင်ဆောင်ပြီး မြဝတီမြို့နယ် ဖားချောင်းစာသင်ကျောင်းအနီးရှိ သန့်ဇင်ထူးဂိုဒေါင်သို့ရောက်ရှိလာသည့် ၁၂ ဘီးကုန်တင်ယာဉ်ယာဉ်မောင်းနှင့် ယာဉ်အကူတို့အား အောက်တိုဘာ ၁၆ ရက်နံနက် ၁၁ နာရီအချိန်တွင် မြဝတီမြို့နယ်စပ်ကုန်သွယ်ရေးဇုန် FQC ၌ Test Kid ဖြင့် စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူတွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် သဃင်္န်းညီနောင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားပြီးအတူနေ ယာဉ်အကူအား မဲကနယ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကုန်ချခဲ့သည့် သန့်ဇင်ထူး ဂိုထောင်အား ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ပြီး ယာယီ Lockdown ချထားကာ ဆက်စပ်ထိတွေ့သူများအား ရှာဖွေစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပြီး မဲကနယ် Quaratine စင်တာသို့ပို့ဆောင်ခဲ့ပြီးစစ်ဆေးရာ ၎င်းအမျိုးသား ၁ဝ ဦး၌ Positive ထပ်မံတွေ့ရှိခဲ့သည်။

မြဝတီမြို့တွင် ကူးစက်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ အောက်တိုဘာ၁၆ ရက်အထိ COVID-19 အတည်ပြုလူနာ ၃ဝ ဦးရှိပြီး တစ်ဦးသေဆုံးကာ ၁၄ ဦးမှာ ဆေးရုံမှဆင်းပြီးဖြစ်ကြောင်းမြဝတီခရိုင်ဆေးရုံကြီးမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး