စစ်မှုထမ်းတာဝန်စတင်ထမ်းဆောင်နေတဲ့ Park Kyung
Block B အဖွဲ့ဝင် Park Kyung ဟာစစ်မှုထမ်းဖို့စာရင်းပေးသွင်းခဲ့ပြီးဒီနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာစတင် စစ်မှုထမ်းရတော့မှာဖြစ်ပါတယ်။
သူဟာဇန်နဝါရီလတုန်းကလည်းစစ်မှုထမ်းဖို့ရွှေ့ဆိုင်းခဲ့တာကြောင့် အခုတစ်ကြိမ်မှာတော့ မဖြစ်မနေစစ်မှုထမ်းရတော့မှာပါ။
သူ့ရဲ့အေဂျင်စီကစစ်မှုထမ်းမယ့်ရက်ကိုပဲထုတ်ပြန် ထားပြီးအချိန်နဲ့နေရာကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိခဲ့ပါဘူး။
Park Kyung ဟာမကြာသေးခင်ကပဲအလယ်တန်းကျောင်းသားဘဝတုန်းကအတန်းဖော်တွေကိုအနိုင်ကျင့်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး Park Kyung ကိုယ်တိုင်ကလည်းအတိတ်ကသူ့ရဲ့လုပ်ရပ်တွေအတွက်ဝန်ခံကာတရားဝင် တောင်းပန်ခဲ့ပါတယ်။
















