ရုပ်ရှင်ကားသစ်ရိုက်ကူးမယ့် Ham Eun Jung

ရုပ်ရှင်ကားသစ်ရိုက်ကူးမယ့် Ham Eun Jung

T-araအဖွဲ့ဝင် Ham Eun Jung ဟာသုံးနှစ်အတွင်းမှာပထမဆုံးအကြိမ်အဖြစ် တီဗွီဖန်သားပြင်ပေါ်မှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

သူမရဲ့အေဂျင်စီ Cabin 74 က “I Will Song” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Ham Eun Jung က ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမယ်လို့အတည်ပြုပြောကြားခဲ့တာပါ။

ဒီရုပ်ရှင်ကရည်ရွယ်ချက်ကြီးမားတဲ့ MoolKyulဆိုတဲ့ အဆိုတော်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီးဒါရိုက်တာကတော့ Lee Sang Hoon ဖြစ်ပါတယ်။

Ham Eun Jung က MoolKyulအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီးသူမနဲ့ ဆုံတွေဖို့အကြောင်းဖန်လာတဲ့ Ba Ram ဆိုတဲ့ ဇာတ်ကောင်နေရာမှာတော့ မင်းသား Goo Won က သရုပ်ဆောင်မှာဖြစ်ပါတယ်။

Ham Eun Jung ကတော့ သူမတစ်ခါမှသရုပ်မဆောင်ဖူးတဲ့ဇာတ်ကောင်နေရာကိုသရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် စိုးရိမ်စိတ်အနည်းငယ်ရှိတယ်လို့ဆိုပါတယ်။

“I Will Song” ရုပ်ရှင်ကိုအောက်တိုဘာလလယ်လောက်မှာစတင်ရိုက်ကူးမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး