ဇာတ်ကားသစ်ရိုက်ကူးနေတဲ့ Kem Hussawee နဲ့ Mookda Narinrak

ဇာတ်ကားသစ်ရိုက်ကူးနေတဲ့ Kem Hussawee နဲ့ Mookda Narinrak

“So Wayree” ဆိုတဲ့ ထိုင်းဇာတ်လမ်းတွဲနဲ့နာမည်ကြီးခဲ့တဲ့ Kem Hussaweeနဲ့ MookdaNarinrakတို့ကနောက်ထပ်ဇာတ်ကားသစ်တစ်ခုထပ်မံရိုက်ကူးနေပါတယ်။

“So Wayree” ဇာတ်လမ်းတွဲဟာအတော်လေးအောင်မြင်ခဲ့တာကြောင့် ဇာတ်ကားပြီးပြီးချင်းမှာပဲနောက်ထပ်တစ်ကားရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။

ဇာတ်ကားရဲ့နာမည်ကတော့ “Khoei Baan Rai Sapai Hi-So” ဖြစ်ပါတယ်။

နိုင်ငံခြားကနေပညာတော် သင်ပြီးပြန်လာတဲ့ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းဖြစ်ပြီးဒီဇာတ်ကားမှာလည်းဘယ်လိုမျိုးအတွဲညီညီသရုပ်ဆောင်မလဲဆိုတာစိတ်ဝင်စားစရာပါ။

သူတို့နှစ်ယောက်ရဲ့ရိုက်ကွင်းပေါ်ကပုံရိပ်တွေကိုလည်းအင်စတာဂရမ်မှာတင်ထားတာတွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ပုံတွေကိုမြင်ပြီးပရိသတ် တွေကတော့ ဒီဇာတ်ကားကိုကြည့်ဖို့မစောင့်နိုင်ကြောင်းမှတ်ချက်တွေရေးခဲ့ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး