နောက်နှစ်လဆန်းပိုင်းမှာစတင်ရိုက်ကူးတော့မယ့် “Thor: Love & Thunder”

နောက်နှစ်လဆန်းပိုင်းမှာစတင်ရိုက်ကူးတော့မယ့် “Thor: Love & Thunder”

Thor ရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ “Thor: Love & Thunder” ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားမှု က ပြီးခဲ့တဲ့ဇူလိုင်လကတည်းကရာနှုန်းပြည့်နီးပါးပြီးစီးနေပြီလို့ ဒါရိုက်တာ Taika Waititi အရင်ကပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားဟာခါတိုင်း Thor ဇာတ်ကားတွေနဲ့မတူပဲအချစ်ဇာတ်ဝင်ခန်းတွေအမြောက်အများပါဝင်ပြီးအလွန်ပဲရိုမန်းတစ်ဆန်မယ်ဆိုတာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

Natalie Portman ကလည်းသူ့ရဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်ညီတဲ့ခန္ဓာကိုယ်အချိုးအစားရရှိအောင် လေ့ကျင့်ခန်းတွေလည်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“Thor: Love & Thunder”ရုပ်ရှင်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာစတင်ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာရုံတင်ပြသမှာပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး