ရွေးကောက်ပွဲမှာ လူတိုင်းမဲပေးကြဖို့ တိုက်တွန်းခဲ့တဲ့ Bella Hadid
အခုလာမယ့် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲပေးကြဖို့ စူပါမော်ဒယ်လ် Bella Hadid က အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
သူမဟာ အင်စတာဂရမ်မှာ ရေကူးဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံကို အင်စတာဂရမ်မှာတင်ပြီး မဲပေးဖို့မမေ့ကြရအောင်စာလေးပါ ရေးသားခဲ့တာဖြစ်ပါ တယ်။
Bella ဟာ အရင်တုန်းကလည်း အခုလိုမျိုးမဲပေးဖို့တိုက်တွန်းမှုတွေပြုလုပ်လေ့ရှိပါတယ်။
ပြည်သူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲမှာမဲဖို့ကအရေးကြီးကြောင်း မကြာခဏပြောလေ့ရှိပြီး သူမကတော့ Joe Biden နဲ့ Sen.Kamala Harris တို့ကို ထောက်ခံအားပေးသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
Bella က သူမ ထောက်ခံတဲ့သူတွေ ကို မဲပေးကြဖို့လည်း ပရိသတ်တွေကိုမဲဆွယ်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။
















