မြဝတီမြို့၌ NLD ဝန်းရံသူများက မြို့အတွင်းနှင့်ကျေးရွာများအထိ အင်အားပြလှည့်လည်

မြဝတီမြို့၌ NLD ဝန်းရံသူများက မြို့အတွင်းနှင့်ကျေးရွာများအထိ အင်အားပြလှည့်လည်

ကရင်ပြည်နယ် မြဝတီမြို့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အောင်နိုင်ရေးအတွက် လူအင်အား အများအပြားပါဝင်သည့် ပါတီဝန်းရံသူများသည် အောက်တိုဘာ ၁၈ရက် နံနက် ၈ နာရီအချိန်မှစတင်၍မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အင်အားပြ လှည့်လည်ခဲ့ကြကြောင်း သိရသည်။

NLD ပါတီကို အားပေးထောက်ခံဝန်းရံသူများအနေဖြင့် အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီအချိန်၌ပထမဦးစွာ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဓိဌာန်အောင်ဘုရားပရဝုဏ်ဝင်းအတွင်း၌စုဝေးခဲ့ကြသည်။ ထို့နောက်မြဝတီမြို့ ဓိဌာန်အောင်ဘုရားဝင်းမှမြဝတီတောင်ဘက်ခြမ်းရှိ မယ်ထော်သလေး၊ လေးကေ့ကော်မြို့သစ်နှင့်အခြားကျေးရွာများသို့လည်းကောင်း၊ထိုမှပြန်လာပြီး မြတီမြို့ပေါ်ရပ်ကွက်များနှင့် ကြံခင်လမ်း၊ ဗိုလ်ချုပ်လမ်း၊မြို့ပတ်လမ်းမှတစ်ဆင့် အာရှလမ်းအတိုင်း မြို့၏မြောက်ဘက်ရှိကျေးရွာများသို့လည်းကောင်း အင်အားပြလှည့်လည် မဲဆွယ်စည်ရုံးကြသည်။

''ပါတီက မပါဘူးခင်ဗျ၊ ဝန်းရံသူအနေနဲ့ဘဲ ပြုလုပ်တာပါ။ ဒီနေရာကနေ လေးကေ့ကော်ဘက်ကို သွားမယ်။ ပြီးရင် မြို့ထဲကို ပြန်လှည့်မယ်၊စီစဉ်တုန်းကတော့ အဲလောက်များမယ်မထင်ဘူးခင်ဗျ။ ခုတော့မြင်တဲ့အတိုင်းပါပဲ။ အင်အားက သောင်းဂဏန်းလောက်တော့ရှိမယ်ထင်ပါတယ်၊ ဆိုတော့ တိုင်းရင်းသားညီအစ်ကိုတွေကိုမက်ဆေ့ပေးချင်တာက ၂ဝဝ၈ ခြေဥကိုမပြင်နိုင်မချင်း NLD ကို မဲပေးကြပါလို့ ပြောချင်ပါတယ်''ဟု ဝန်းရံသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး