ရွှေသံလွင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့် ဝန်ထမ်း၊ မိသားစုဝင်များတွင် ကိုဗစ်ပိုးတွေ့

ရွှေသံလွင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့် ဝန်ထမ်း၊ မိသားစုဝင်များတွင် ကိုဗစ်ပိုးတွေ့

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ၊ဝန်ထမ်းများနှင့် မိသားစုဝင်များတွင် COVID-19 ရောဂါကူးစက်ခံထားရကြောင်း ရွှေသံလွင်ဘိုးဘွားရိပ်သာမှ သိရသည်။

ရွှေသံလွင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၆၆ ဦး၊ ဝန်ထမ်း ၂၁ ဦးနှင့်မိသားစုဝင်များအား Swab Test ယူကာ NHL သို့ပို့၍စစ်ဆေးရာမှ အဘိုး၊ အဘွား ၆၂ ဦး၊ ဝန်ထမ်း ၁၅ ဦးနှင့် မိသားစုဝင်၁၃ ဦးတို့တွင် COVID-19 ရောဂါပိုး ကူးစက်ခံထားကြောင်း သိရသည်။

''လက်ရှိကူးစက်ခံထားရတဲ့ ဘိုးဘွားတွေဝန်ထမ်းတွေ၊ မိသားစုဝင်တွေအကုန်လုံး ကျန်းမာရေးကောင်းကြပါတယ်၊ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တစ်ယောက်ယောက်ဆီကနေ ကူးတယ်လို့တော့ဆရာဝန်ကြီးတွေက သုံးသပ်ထားပါတယ်''ဟု ရွှေသံလွင်ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရောဂါပိုးကူးစက်ခြင်းမခံရသည့် ကျန်ရှိသောဘိုးဘွားများ၏ကျန်းမားရေးအား အထူးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကာ ရောဂါပိုးကူးစက်ခံထားရသည့် အဘိုး၊ အဘွား၊ ဝန်ထမ်းနှင့် မိသားစုဝင် ၈၅ ဦးကို ရွှေသံလွင်ဘိုးဘွားရိပ်သာအမှုဆောင်အဖွဲ့နှင့် ရွှေသံလွင်ကုမ္ပဏီ၏စီမံပံ့ပိုးမှုတို့ဖြင့် ဖောင်ကြီး Quarantine Centre၊ ဝေဘာဂီအထူးကြပ်မတ်ကုသရေးဆေးရုံ၊ ဧရာဝတီ စင်တာနှင့် Fortune happy zone Centre တို့သို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး