နယ်မြေအချို့၌ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကို ပြန်လည်သုံးသပ်ပေးရန်လိုဟု သူရဦးရွှေမန်းဆို

နယ်မြေအချို့၌ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကို ပြန်လည်သုံးသပ်ပေးရန်လိုဟု သူရဦးရွှေမန်းဆို

ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေများနှင့်ပတ်သက်၍အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ထိခိုက်ပါက စိုးရိမ်ဖွယ်ဖြစ်သဖြင့် ပြန်လည်စီစစ်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ ဥက္ကဌ သူရဦးရွှေမန်းက အောက်တိုဘာ ၁၈ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် တိုက်တွန်းရေးသားခဲ့သည်။

လာမည့်နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နှင့်ရှမ်းပြည်နယ်တို့ရှိ နယ်မြေအချို့တွင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်းပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်များသည်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို ထိခိုက်ပါက စိုးရိမ်ဖွယ်ဖြစ်နေပြီး ထိုကိစ္စများကို ပြန်လည်စိစစ်သုံးသပ်ဆောင်ရွက်ပေးနိုင်ပါကနိုင်ငံတော်အတွက် အကျိုးရလဒ်ကောင်းများ ပြန်လည်ရရှိနိုင်မည်ဟု ယုံကြည်သဖြင့် လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ရန် UEC အား အကြံပြုတိုက်တွန်းကြောင်း UBP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေများတွင် တိုက်ပွဲမဖြစ်ပွားရာနေရာအချို့ ပါဝင်နေခြင်းကြောင့် ရွေးကောက်ပွဲ လေ့လာသူများအကြားဝေဖန်မှုများထွက်ပေါ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး