အခွေအသစ်နဲ့အတူ comeback လာမယ့် JBJ95

အခွေအသစ်နဲ့အတူ comeback လာမယ့် JBJ95

JBJ95 က သီချင်းအသစ်တွေနဲ့အတူ ပြန်လာတော့မှာဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့အခွေအသစ်ဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာထွက်ရှိလာမှာဖြစ်တယ်လို့ တွစ်တာကနေတရားဝင်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလကထွက်ခဲ့တဲ့ “ONLY ONE” သီချင်းထွက်ပြီး ၁၀ လလောက်အကြာမှာမှထွက်လာတဲ့ ပထမဆုံး comeback လည်းဖြစ်ပါတယ်။

သြဂုတ်လတုန်းကတော့ Kenta က “Mata Itsudemo Kaetteoide” (Come Back Again Forever) ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်သီချင်းထွက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်ထဲမှာ “RETRO:95” ဆိုတဲ့ online fan meeting လည်း ပြုလုပ်ခဲ့ပြီး You Tube Channel မှာလည်း သူတို့ရဲ့ လှုပ်ရှားမှု တွေမကြာခဏဆိုသလိုတွေ့ရပါတယ်။

JBJ95 ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ  ပွဲဦးထွက်ခဲ့တာကြောင့် အခုထွက်ရှိလာမယ့်သူတို့ရဲ့ comeback ဟာ ဒုတိယမြောက်နှစ်ပတ်လည် ပွဲဦးထွက် လို့လည်း ပြောလို့ရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး