“Kingdom Season 3” နောက်နှစ်ထဲမှာ ထွက်မလာနိုင်သေး
လတ်တလောပျံ့နှံ့နေတဲ့ “Kingdom Season 3” ၂၀၂၁ ခုနှစ် မတ်လမှာထွက်လာမယ့်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့သိရပါတယ်။
အနည်းဆုံး နောက်နှစ်နှစ် သုံးနှစ်လောက်နေမှသာ Season 3 ထွက်လာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြန်လည်ဖြေရှင်းခဲ့ပါတယ်။
Season တစ်ခုမှာ အပိုင်း ၆ ပိုင်းသာ ပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်မှုကလည်း တမူထူခြားတာကြောင့် ပရိသတ်တွေက season အသစ်တွေထပ်ထွက်လာဖို့ အမြဲစိတ်မရှည်ဖြစ်နေရတာပါ။
အခုလည်း “Kingdom Season 3” မှာ ပါဝင် လာမယ့်သရုပ်ဆောင်တွေဟာ တခြားရိုက်ကူးရေးတွေရှိနေတာကြောင့် ရိုက်ကူးရေးမစတင်နိုင်ဖြစ်နေရ တယ်လို့ဆိုပါတယ်။
“Kingdom Season 3” မှာတော့ မင်းသမီး Jun Ji Hyun က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး နောက်ထပ် Season တွေလည်း ထပ်ဆက်လာဖို့ရှိတယ်လို့သိရပါတယ်။
















