Ji Soo ကတော့ KeyEast နဲ့ တရားဝင်စာချုပ်ချုပ်လိုက်ပြီဖြစ်ပါတယ်။
KeyEast ရဲ့ တာဝန်ရှိသူတစ်ယောက်က Ji Soo နဲ့ စာချုပ်ချုပ်လိုက်ကြောင်းကို ကြေညာခဲ့တာပါ။
Ji Soo ဟာ ရုပ်ရည်ချောမောတဲ့အပြင် ပြောမကုန်နိုင် တဲ့ အရည်အချင်းတွေလည်းရှိတာကြောင့် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ရှေ့လျှောက်လုပ်ဆောင်သွားမယ့် အနုပညာအလုပ်တွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ KeyEast အေဂျင်စီကပြောခဲ့ပါတယ်။
Ji Soo ဟာ ၂၀၁၅ ခုနှစ်မှာ သရုပ်ဆောင်အဖြစ်စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး အောင်မြင်တဲ့ဇာတ်လမ်းတွဲတွေတော်တော်များ များမှာ ပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
KeyEast အေဂျင်စီက သရုပ်ဆောင် Bae Yong Joon တည်ထောင်ထားတာဖြစ်ပြီး Joo Ji Hoon, Son Hyun Joo, Woo Do Hwan, Kim Dong Wook, Kang Han Na နဲ့ တခြားနာမည်ကြီးသရုပ်ဆောင်များစွာကို မွေးထုတ်ပေးခဲ့တဲ့အေဂျင်စီလည်းဖြစ်ပါတယ်။
















