Napoleon နေရာကနေ သရုပ်ဆောင်မယ့် Joaquin Phoenix

Napoleon နေရာကနေ သရုပ်ဆောင်မယ့် Joaquin Phoenix

“JOKER” သရုပ်ဆောင် Joaquin Phoenix ကို Napoleon အဖြစ် တွေ့မြင်ရဦးမယ်လို့သိရပါတယ်။

အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “Kitbag” ရုပ်ရှင်ထဲမှာ Joaquin Phoenix က Napoleon နေရာကနေ ပါဝင်သရုပ် ဆောင်ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ Napoleon နဲ့ သူရဲ့ဇနီးဖြစ်သူ Josephine တို့ရဲ့အချစ်ရေးကို တွေ့မြင်ရမှာဖြစ်တဲ့အပြင် လူသိနည်းနေသေးတဲ့ Napoleon ရဲ့ အကြောင်းအရာတွေကိုပါ သိရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“Kitbag” ကို ဒါရိုက်တာ Ridley Scott က ရိုက်ကူးပေးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်ထဲမှာ စတင်ရိုက်ကူး မယ်လို့ သိရပါတယ်။

Joker ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ Joaquin Phoenix ဟာ Napoleon ဇာတ်ရုပ်ကိုလည်း ပီပြင်စွာသရုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး