တရုတ်နိုင်ငံ၌ 5G ဆက်သွယ်ရေးကွန်ရက် တာဝါတိုင်များကို အရှိန်အဟုန်မြှင့် တည်ဆောက်နေပြီး လက်ရှိတွင် တာဝါတိုင်ပေါင်း ၆၀၀၀၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း စက်မှုနှင့် သတင်းနည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
5G ဆက်သွယ်ရေးကွန်ရက် အသုံးပြုသူများ တစ်ဟုန်ထိုး များပြားလာမှုနှင့်အတူ ကွန်ရက်အား ချိတ်ဆက်အသုံးပြုသည့် ဆက် သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများမှာလည်း သန်း ၁၅၀ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
‘’ လာမယ့် သုံးနှစ်တာ ကာလအတွင်းမှာ 5G ဆက်သွယ်ရေး နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို စတင် မိတ်ဆက်ပေးပါတော့မယ်။ ဒါ ကြောင့် ကြိုတင်တည်ဆောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ထားဖို့ လို အပ်ပါတယ်’’ ဟု ဝန်ကြီးဌာနမှ အရာရှိ ဝမ်ကုက ပြောဆိုခဲ့သည်။
COVID-19 ကပ်ရောဂါသည် 5G ဆက်သွယ်ရေးကွန်ရက် အကူအညီဖြင့် ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းကဏ္ဍ အကောင်အထည်ဖော်မှုကို အရှိန်မြှင့်ပေးခဲ့သလို ဖြစ်ခဲ့ပြီး ယင်းကဲ့သို့ အကောင်အထည်ဖော်မှုများတွင် အမျိုးမျိုးသော ဒစ်ဂျစ်တယ်နည်း ပညာဆိုင်ရာ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ပရိုဂရမ်များနှင့် ဆက်စပ်သော ထုတ်ကုန်များ ပါဝင်ခဲ့သည်။
5G ဆက်သွယ်ရေးကွန်ရက် အသုံးပြုသူ တိုးတက်များပြားလာ သည်နှင့်အမျှ ယင်းဆက်သွယ်ရေးကွန်ရက်နှင့် ဆက်နွှယ်သော တီထွင်ဖန်တီးခြင်းဝန်ဆောင်မှုများလည်း စဉ်ဆက်မပြတ် တိုးတက် လာမည်ဖြစ်ကြောင်း တရုတ်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဖြစ်သူ လျူတိုက ပြောဆိုခဲ့သည်။

















